ဘောလုံးဝေဖန်သူအဖြစ် ဆောင်ရွက်နေသည့် အီတလီတိုက်စစ်မှူးဟောင်း ကာဆာနိုက ဂျူဗင်တပ်စ်တိုက်စစ်မှူး ဗလာဟိုဗစ်သည် အမြဲတမ်းညည်းတွားနေသူဖြစ်ပြီး ၎င်းထက် ပိုလန်ဝါရင့်တိုက်စစ်မှူး မီလစ်ခ်က ပိုကောင်းကြောင်း ဝေဖန်ခဲ့သည်။
အသက် (၂၄)နှစ်အရွယ်ရှိ ဆားဘီးယားလက်ရွေးစင်တိုက်စစ်မှူး ဗလာဟိုဗစ်သည် ယခုရာသီတွင် ရုန်းကန်နေရပြီး ပြိုင်ပွဲစုံ (၆) ပွဲတွင် (၂) ဂိုးသာသွင်းယူနိုင်ထားသေးသည်။
ဂျူဗင်တပ်စ်အသင်းအနေဖြင့် စီးရီးအေ (၃) ပွဲဆက်တိုက် ဂိုးမရှိသရေကျခဲ့သဖြင့် တိုက်စစ်ကို ဦးဆောင်ကစားသည့် ဗလာဟိုဗစ်မှာ ဝေဖန်မှုများ ရင်ဆိုင်နေရပြီး ယခုအခါ ဘောလုံးသမားများကို ပိုးစိုးပက်စက်ဝေဖန်လေ့ရှိသည့် အီတလီတိုက်စစ်မှူးဟောင်း ကာဆာနိုကပါ ဝေဖန်ခဲ့ခြင်းဖြစ်သည်။
ကာဆာနိုက "ဗလာဟိုဗစ်ကို ကျွန်တော် မကြိုက်ပါဘူး။ သူက စိတ်သဘောထားသေးသိမ်ပြီး ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်စွမ်းမရှိပါဘူး။ ဗလာဟိုဗစ်က ဘာလုပ်ရမှန်းတောင် သိသူမဟုတ်ပါဘူး။ သူလုပ်တတ်တာက ညည်းတွားတာနဲ့ စောဒကတက်တာပါပဲ။ မီလစ်ခ်က သူ့ထက် ပိုကောင်းပါတယ်။ တကယ်လို့ မီလစ်ခ်က ကြံ့ခိုင်မှုပြည့်ဝမယ်ဆိုရင် သူ့အနေနဲ့ အသင်းမှာ ပွဲထွက်ခွင့်ရပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ သူဟာ မော့တာရဲ့ကစားကွက်နဲ့ပိုပြီး ကိုက်ညီလို့ပါ"ဟု ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
