တရုတ်က အရှေ့အလယ်ပိုင်းအခြေအနေ ပို၍ယိုယွင်းလာခြင်းကို တားဆီးပေးရန် အောက်တိုဘာ ၂ ရက်တွင် ကမ္ဘာ့အင်အားကြီနိုင်ငံများကို တောင်းဆိုလိုက်သည်။
အရှေ့အလယ်ပိုင်း၌ နောက်ဆုံးဖြစ်ပွားနေသော ပဋိပက္ခအရှိန် မြင့်တက်လာခြင်းကို တားဆီးပေးရန် တရုတ်က အထက်ပါအတိုင်း တောင်းဆိုလိုက်ခြင်းဖြစ်သည်။
"နောက်ထပ်ယိုယွင်းလာတဲ့အခြေအနေကို တားဆီးပေးဖို့နဲ့အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကနေပါဝင်ပေးဖို့တရုတ်ဘက်က နိုင်ငံတကာအသိုင်းအဝိုင်း အထူးသဖြင့် ဩဇာကြီးမားတဲ့ အင်အားကြီး နိုင်ငံတွေကို တောင်းဆိုပါတယ်"ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
"တရုတ် နိုင်ငံ အနေဖြင့် အရှေ့အလယ်ပိုင်းမှာ ဖြစ်ပေါ်နေသည့် ဝရုန်းသုန်းကား အခြေအနေကို အလွန်အမင်းစိုးရိမ်နေပါတယ်"ဟု အွန်လိုင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အစ္စရေးက ၎င်း၏နယ်မြေကို ဒုံးကျည်များ တရစပ် ပစ်ခတ်သည့်အတွက် အီရန် ပေးဆပ်ရမည်ဟု ပြောကြားခဲ့ပြီး ပစ်မှတ်ထားတိုက်ခိုက်ခံရမည်ဆိုပါက ပိုမိုကြီးမားသောတိုက်ခိုက်မှုကို လုပ်ဆောင်ရလိမ့်မည်ဟု အောက်တိုဘာ ၂ ရက်တွင် သတိပေးခဲ့သည်။
အီရန်သည် အောက်တိုဘာ ၁ ရက်တွင် အစ္စရေးကို သမိုင်း၌ ဒုတိယအကြိမ်တိုက်ရိုက် တိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့သည်။ ဟိုက်ပါဆောနစ်လက်နက်များ အပါအဝင် ဒုံးကျည် ၂၀၀ ဖြင့်တိုက်ခိုက်ခဲ့သောကြောင့် အစ္စရေး အရပ်သားများသည် လုံခြုံသည့်နေရာများတွင် ခိုလှုံခဲ့ရသည်။
အစ္စရေးက အောက်တိုဘာ ၂ ရက် စောစောပိုင်းတွင် ဘေရွတ်တောင်ပိုင်းကို ပြင်းပြင်းထန်ထန် တိုက်ခိုက်ခြင်းဖြင့် အီရန်မဟာမိတ် ဟစ်ဇဘိုလာ၏ လက်ဘနွန်အမာခံနယ်မြေများကို ဗုံးကြဲခဲ့သည်။
Ref:AFP
Photos:AFP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
