မြဝတီ-ကော့ကရိတ်ဒေါနတောင်ကျော်လမ်းဟောင်း ချောက်ကမ်းပါးနှင့် အလယ်ဗိုလ်တဲကြား ချောက်နက်ထဲသို အောက်တိုဘာလ ၂ ရက် ည ၉းဝ၀ နာရီခန့်က ၁ဝဘီးကားတစ်စီး ပြုတ်ကျပြီးယာဉ်မောင်းမှာသေဆုံးလျှက် ညှပ်နေကြောင်းသိရသည်။
အဆိုပါ၁ဝဘီး ယာဉ်သည် ကော့ကရိတ်ဘက်မှ မြဝတီဘက်သို တက်လာသော ကုန်မပါသည့်ယာဉ်ဖြစ်ပြီး အခင်ဖြစ်နေရာသိုအေရာက်တွင် လမ်း၏ယာဘက် ချောက်ထဲသို ထိုးကျကာ ပေ၁၀၀ ခန့်တွင် ရပ်တန့်သွားပြီးယာဉ်မောင်းမှာ ညှပ် နေဆဲ ဖြစ်ကာ ယာဉ်အားကရိန်နှင့် ဆွဲ ရန်လိုအပ်နေကြောင်း ကူညီကယ်ဆယ်ရေးသွားရောက်လုပ်ဆောင်နေသူ အလင်းသစ် Rescue Myawaddy.မှ ကိုအောင်ဇော်ဦးကပြောသည်။
"ဖြစ်တာက မနေ့ည ၉းဝဝနာရီလောက်မှာဖြစ်တာပါ၊ချောက်ကတော်တော်နက်ပါတယ်။ပေ ၇၀၀ လောက်ထိနက်ပါတယ်၊ခုကားကပေ၁၀၀ လောက်မှာ ကျောက်တုံးကြီးတစ်လုံးခံနေလို တန့်နေတာပါ၊ လူကိုတော့ဆွဲထုတ်လိုမရသေးပါဘူး။ကားကိုမလိုဆွဲထုတ်ရင် ထပ်ကျသွားမှာစိုးရိမ်းပါ တယ်။ချောက်က အရမ်းနက်တာပါ။ခုတော့ ကော့ကရိတ်က တက်လာမယ့် ကရိန်းကားကိုစောင့်နေပါတယ်"ဟု ကိုအောင်ဇော်ဦးကပြောသည်။
ကုန်တင်ယာဉ်မှာမည်သည့်အရပ်ဒေသမှဖြစ်ကြောင်းနှင့်သေဆုံးသူယာဉ်မောင်းမှာ မည်သူ မည်ဝါဖြစ်သည်ကို မသိရှိရသေးကြောင်း ၎င်းကဖြည့်စွက်ပြောကြားခဲ့သည်။
မြဝတီ-ကော့ကရိတ် ဒေါနတောင်ကျော်လမ်းဟောင်းသည် ယခင်နှစ်ပေါင်းများစွာကပင် နယ်စပ်ကုန်သွယ်မှု အတွက် အတက်တစ်ရက်အဆင်းတစ်ရက်သွားလာခဲ့ကြသည့်လမ်းကျည်းဖြစ်သည်။
ဒေါနတောင်ကျော်လမ်းကြမ်းများဖြစ်သည့် ၁၀၁၈လမ်း၊ထိုကော်ကိုးလမ်း၊ကြက်ဥတောင်လမ်းတိုမှာ မိုးရွာသွန်းခြင်းကြောင့် သွားလာရခက်ခဲပြီး တောင်ကျော်လမ်းဟောင်းမှသာသွားလာရန် ကုန်တင်ယာဉ်များစွာစောင့်ဆိုင်းလျှက်ရှိကြောင်းလည်းသိရသည်။
၂၀၁၆ခုနှစ်က ဖွင့်လှစ်ခဲ့သည့် အရှလမ်းသစ်ဖွင့်လှစ်ခဲ့ချိန်မှစ၍ အဆိုပါ လမ်းဟောင်းမှ ယာဉ်သွားလာခြင်းမရှိဘဲမှေးမှီခဲ့ရာက ယခုအခါ အာရှလမ်းသစ်မှယာဉ်သွားလာခွင့်ပိတ်ထားဆဲဖြစ်သည့် အတွက်
ကုန်တင်ယာဉ်တစ်စီးလျှင် လမ်းဂိတ်ကြေး အဖြစ် သိန်း၅၀ အထက်ပေးဆောင် အကုန်ကျခံကာ ခက်ခက်ခဲခဲသွားလာနေရခြင်းဖြစ်ကြောင်း ကုန်တင်ယာဉ်မောင်းတစ်ဦးကပြောသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
