Top News

မန်ယူနည်းပြ တန်ဟက်ဂ်၏နေရာတွင် အယ်လီဂရီအား အစားထိုးခန့်အပ်ရန် ဖာဂူဆန် အလိုရှိနေကြောင်း သတင်းထွက်
24htopnews | October 3, 2024 6:12 PM CST

မန်ယူဂန္ထဝင်နည်းပြကြီး ဆာအဲလက်စ်ဖာဂူဆန်သည် လက်ရှိအသင်းနည်းပြ တန်ဟက်ဂ်၏နေရာတွင် ဂျူဗင်တပ်စ်နည်းပြဟောင်း အယ်လီဂရီအား အစားထိုးခန့်အပ်ရန် အလိုရှိနေကြောင်း သတင်းထွက်ပေါ်နေသည်။

မန်ယူအသင်းသည် စက်တင်ဘာ (၂၉) ရက်တွင် ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်၌ အိမ်ကွင်းတွင် စပါးအသင်းကို (၀-၃) ဂိုးဖြင့် ဂိုးပြတ်ရှုံးနိမ့်ခဲ့သည်။

ယင်းရှုံးပွဲကြောင့် မန်ယူနည်းပြ တန်ဟက်ဂ်၏အနာဂတ်မှာ လှုပ်ခတ်လာခဲ့ပြီး ယခုရာသီ ပရီးမီးယားလိဂ်တွင် ရာထူးမှအစောဆုံးထုတ်ပယ်ခံရမည့်နည်းပြအဖြစ် ရေပန်းစားနေသည်။

အီတလီနာမည်ကျော်အားကစားသတင်းစာ La Gazzetta dello Sport ၏ဖော်ပြချက်အရ မန်ယူတာဝန်ရှိသူများသည် နည်းပြ တန်ဟက်ဂ်အား နောက်ထပ် (၂) ပွဲသာ အချိန်ပေးရန် ဆန္ဒရှိနေပြီး ယင်း (၂) ပွဲသာ ရလဒ်မကောင်းပါက ၎င်း၏နေရာတွင် အစားထိုးရန် နည်းပြများကိုပင် ရှာဖွေနေပြီဖြစ်ကြောင်း သိရသည်။

မန်ယူအသင်းသည် တန်ဟက်ဂ်၏နေရာတွင် အစားထိုးရန်အတွက် ထိပ်တန်းနည်းပြများကို ဆက်သွယ်နေပြီး ယင်းထဲတွင် အင်တာမီလန်နည်းပြ ဆီမြွန်နီအင်ဇာဂီနှင့် ချယ်လ်ဆီးနည်းပြဟောင်း တူဟယ်လ်တို့ ပါဝင်နေကြောင်း သိရသည်။

သို့သော် မန်ယူဂန္ထဝင်နည်းပြ ဖာဂူဆန်ကမူ တန်ဟက်ဂ်၏နေရာတွင် ဂျူဗင်တပ်စ်အသင်းနှင့်လမ်းခွဲပြီးနောက် အသင်းလက်မဲ့ဖြစ်နေသည့် အီတလီလူမျိုးနည်းပြ အယ်လီဂရီကို အစားထိုးခန့်အပ်ရန်အလိုရှိနေကြောင်း La Gazzetta dello Sport က ဖော်ပြခဲ့သည်။ 


READ NEXT
Cancel OK