၂၀၂၄ ရာသီ မေဂျာလိဂ်ဘောလုံးပြိုင်ပွဲ၏ ပုံမှန်ရာသီပြီးဆုံးရန် လက်ကျန်နှစ်ပွဲအလိုမှာပင် အင်တာမိုင်ယာမီအသင်းက Supporters' Shield ချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့ကြောင်း သိရသည်။
အောက်တိုဘာ ၃ ရက် နံနက်ပိုင်းက ယှဉ်ပြိုင်ကစားသည့် မေဂျာလိဂ်ပွဲစဉ်တွင် အင်တာမိုင်ယာမီအသင်းက ကိုလံဘတ်စ်ခရူအသင်းအား အဝေးကွင်း၌ (၂-၃) ဂိုးဖြင့် အနိုင်ရခဲ့သည်။
အင်တာမိုင်ယာမီအသင်းအတွက် ဂိုးများကို အသင်းခေါင်းဆောင် မက်ဆီက ၄၅၊ ၄၅+၅ မိနစ်တွင် နှစ်ဂိုးနှင့် ဆွာရက်ဇ်က ၄၈ မိနစ်တွင် တစ်ဂိုးသွင်းယူပေးခဲ့သည်။
ကိုလံဘတ်စ်ခရူအသင်းမှာ ၆၃ မိနစ်တွင် ကစားသမားတစ်ဦး ထုတ်ပယ်ခံရသလို ၈၄ မိနစ်တွင်ရရှိသည့် ပယ်နယ်တီကို အင်တာမိုင်ယာမီဂိုးသမား ကာကွယ်နိုင်သဖြင့် ရှုံးပွဲကြုံတွေ့ခဲ့ခြင်းဖြစ်သည်။
ယခုပွဲရလဒ်ကြောင့် အင်တာမိုင်ယာမီအသင်းသည် ၃၂ ပွဲကစား၊ ပွဲ ၂၀ နိုင်၊ ရှစ်ပွဲ သရေ၊ လေးပွဲရှုံးဖြင့် ၆၈ မှတ်ရရှိထားသည်။
မေဂျာလိဂ် ပုံမှန်ရာသီပွဲစဉ်များပြီးဆုံးရန် လက်ကျန်နှစ်ပွဲသာကျန်ရှိတော့ပြီး အင်တာမိုင်ယာမီအသင်းအနေဖြင့် (အရှေ့ပိုင်းဇုန်နှင့် အနောက်ပိုင်းဇုန်) Overall ရပ်တည်မှုတွင် ဒုတိယနေရာမှ LA ဂလက်ဆီအသင်းအား ခုနစ်မှတ်ဖြတ်ထားနိုင်ပြီဖြစ်သောကြောင့် Supporters' Shield ဆွတ်ခူးရရှိရန် သေချာသွားပြီဖြစ်သည်။
အင်တာမိုင်ယာမီအသင်းသည် မက်ဆီကိုခေါ်ယူပြီးနောက် နှစ်ရာသီအတွင်း ဒုတိယမြောက် ချန်ပီယံဆုရယူနိုင်ခြင်းဖြစ်ပြီး ပြီးခဲ့သည့်ရာသီတွင် ၂၀၂၃ လိဂ်ဖလား ဆွတ်ခူးရရှိခဲ့သည်။
''ကျွန်တော် ပျော်ပါတယ်။ ကျွန်တော်တို့ လုပ်နိုင်ခဲ့တဲ့အတွက် ဝမ်းသာပါတယ်။ နှစ်အစမှာကတည်းက ဒီအစုအဖွဲ့က ဒီနေရာအတွက် တိုက်ပွဲဝင်နိုင်မယ်ဆိုတာ ကျွန်တော်တို့သိပါတယ်။ ပထမရည်မှန်းချက်ကို လုပ်နိုင်ပြီဖြစ်လို့ ကျွန်တော်ဝမ်းသာပါတယ်။ နောက်တစ်ခုအကြောင်းကို ကျွန်တော်တို့စဉ်းစားနေပါပြီ။ ဟယ်ရာဒိုမာတီနို (နည်းပြ) နဲ့ ကျွန်တော်တို့ (အယ်လ်ဘာ၊ ဆွာရက်ဇ်၊ ဘူးစကွက်စ်) ရောက်လာချိန်ကတည်းက ပွဲကိုလွှမ်းမိုးထားနိုင်ဖို့၊ ဘောလုံးရယူဖို့၊ ဘောလုံးကို ကိုယ့်ဆီမှာထားပြီး ပိုင်ဆိုင်မှုအသာစီးယူဖို့ဆိုတဲ့ စိတ်ကူးက ရှင်းရှင်းလင်းဖြစ်ပြီးသားပါ။ အရေးပါတဲ့ကစားသမားတွေ ရောက်လာတဲ့အခါ အသင်းရဲ့ ပွဲအပေါ်ချဉ်းကပ်မှုနဲ့ အရည်အသွေးက တိုးတက်လာပါတယ်။ ကျွန်တော် တို့က ပွဲတိုင်းကို ယှဉ်ပြိုင်နိုင်ဖို့ ကြိုးစားပါတယ်'' ဟု မက်ဆီက ပြောကြားသည်။
ယခုချန်ပီယံဆုမှာ မက်ဆီအတွက် ကစားသမားဘဝတစ်လျှောက် ၄၆ ကြိမ်မြောက်ရယူနိုင်သည့် ဆုဖလားအောင်မြင်မှု ဖြစ်ကြောင်းလည်း သိရသည်။
မက်ဆီသည် လာလီဂါ ၁၀ ကြိမ်၊ စပိန်ဘုရင့်ဖလား ခုနစ်ကြိမ်၊ စပိန်စူပါဖလား ရှစ်ကြိမ်၊ ချန်ပီယံလိဂ် လေးကြိမ်၊ ကလပ်ကမ္ဘာ့ဖလားနှင့် ဥရောပစူပါဖလား သုံးကြိမ်စီ၊ လီဂူး-၁ နှင့် ကိုပါအမေရိကဖလား နှစ်ကြိမ်စီ၊ ပြင်သစ်စူပါဖလား၊ လိဂ်ဖလား၊ ကမ္ဘာ့ဖလား၊ ယူ-၂၀ ကမ္ဘာ့ဖလား၊ တောင်အမေရိက-ဥရောပ ချန်ပီယံဖလား၊ အိုလံပစ် ရွှေတံဆိပ်နှင့် Supporters' Shield တစ်ကြိမ်စီ ရရှိထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
