အေစီမီလန်နည်းပြ ဖွန်ဆီကာက ချန်ပီယံလိဂ်တွင် လေဗာကူဆင်အသင်းကို ရှုံးနိမ့်ခဲ့သော်လည်း ယင်းပွဲမှာ အေစီမီလန်အသင်းကို မိမိကိုင်တွယ်သည့်ကာလအတွင်း အကောင်းဆုံးစွမ်းဆောင်ရည်ဖြစ်ခဲ့ကြောင်း ပြောကြားခဲ့သည်။
အေစီမီလန်အသင်းသည် အောက်တိုဘာ(၁) ရက်က ကစားခဲ့သည့် ချန်ပီယံလိဂ် League Phase ပွဲစဉ် (၂) တွင် လေဗာကူဆင်အသင်းကို အဝေးကွင်းတွင် သူတင်ကိုုယ်တင်ယှဉ်ပြိုင်ကစားနိုင်ခဲ့သော်လည်း (၀-၁) ဂိုးဖြင့် ရှုံးနိမ့်ခဲ့ရသည်။
အေစီမီလန်အသင်းအနေဖြင့် ပထမဆုံးပွဲစဉ်တွင် လီဗာပူးလ်ကို ရှုံးနိမ့်ထားသည့်အတွက် ယခုပွဲမှာ ချန်ပီယံလိဂ်တွင် ဒုတိယရှုံးပွဲဖြစ်ခဲ့ပြီး (၂) ပွဲကစားပြီးချိန်တွင် (၂) ပွဲစလုံး ရှုံးနိမ့်ထားသည်။
သို့သော် ဖွန်ဆီကာက လေဗာကူဆင်နှင့်ပွဲမှ အသင်း၏စွမ်းဆောင်မှုမှာ ၎င်းလက်ထက် အကောင်းဆုံးဖြစ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ဖွန်ဆီကာက ''ကျွန်တော်တို့ အနိုင်မရခဲ့ဘူးဆိုတာကတော့ အမှန်တရားပါပဲ။ ဒါပေမဲ့ ဒီပွဲမှာ အသင်းရဲ့စွမ်းဆောင်မှုဟာ ကျွန်တော် အေစီမီလန်အသင်းကို ကိုင်တွယ်ပြီးနောက် အကောင်းဆုံးစွမ်းဆောင်မှုပါပဲ။ အထူးသဖြင့် ဒုတိယပိုင်းမှာကျွန်တော်တို့ရဲ့စွမ်းဆောင်ရည် အရမ်းကောင်းခဲ့တာပါ။ အခွင့်အရေးတွေ အများကြီးဖန်တီးနိုင်ခဲ့ပေမဲ့ အဆုံးမသတ်နိုင်ခဲ့ပါဘူး''ဟု ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
