ဗီယက်နမ်နိုင်ငံတောင်ပိုင်းရှိ တိရစ္ဆာန်ရုံများတွင် H5N1 ငှက်တုပ်ကွေးကြောင့် ကျားအကောင်ရေ ၄၇ ကောင်၊ ခြင်္သေ့သုံးကောင်နှင့် သစ်နက်တစ်ကောင် သေဆုံးခဲ့သည်ဟု နိုင်ငံပိုင်မီဒီယာတွင် အောက်တိုဘာ ၂ ရက်က ဖော်ပြခဲ့သည်။
ဒေါင်နိုင်းပြည်နယ်ရှိ Vuon Xoai တိရစ္ဆာန်ရုံနှင့်လောင်အန်းပြည်နယ်ရှိ ပုဂ္ဂလိက My Quynh ဆာဖရီဥယျာဉ်တို့တွင် သြဂုတ်လနှင့် စက်တင်ဘာအတွင်း ယင်းကဲ့သို့ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဗီယက်နမ်သတင်းအေဂျင်စီ (VNA) တွင် ဖော်ပြထားသည်။ တိရစ္ဆာန်ကျန်းမာရေးစစ်ဆေးမှုအမျိုးသားစင်တာမှ စမ်းသပ်ချက်ရလဒ်များအရ တိရစ္ဆာန်များသည် H5N1 type A ဗိုင်းရပ်စ်အမျိုးအစားကြောင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း VNA က ဆိုသည်။
တိရစ္ဆာန်ရုံများက အေအက်ဖ်ပီသတင်းကို မှတ်ချက်တစ်စုံတစ်ရာ ပြောကြားခဲ့ခြင်းမရှိပေ။ အသက်ရှူလမ်းကြောင်း ရောဂါလက္ခဏာများ ကြုံတွေ့ခံစားခဲ့ရသည့် တိရစ္ဆာန်များနှင့်အနီး ကပ်ထိတွေ့ခဲ့သော တိရစ္ဆာန်ရုံဝန်ထမ်းမရှိဟု VNA တွင် ဖော်ပြထားသည်။
ဗီယက်နမ်တွင် ၂၀၂၃ ခုနှစ်နှစ်ကုန်ပိုင်း၌ လှောင်အိမ်ဖြင့် နေထိုင်နေသည့် ကျားအကောင်ရေ ၃၈၅ ကောင်ရှိပြီး ၎င်းတို့ထဲမှ ၃၁၀ ခန့်သည် ပုဂ္ဂိလကပိုင် မွေးမြူရေးခြံများနှင့်တိရစ္ဆာန်ရုံများတွင်ရှိကြောင်း အစိုးရမဟုတ်သည့်အဖွဲ့တစ်ဖွဲ့က ထုတ်ပြန်ထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
