ထိုင်းနိုင်ငံတွင် ကျောင်းကားမီးလောင်မှုဖြစ်စဉ်နှင့်ပတ်သက်၍ ရဲတပ်ဖွဲ့က ယာဉ်မောင်းကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်ဟု သိရသည်။
ကျောင်းကားသည် ဘန်ကောက်မြို့တော်မြောက်ပိုင်းရှိ အဝေးပြေးလမ်းမပေါ်တွင် အတားအဆီးတစ်ခုကို ဝင်တိုက်ခဲ့ပြီးနောက် မီးလောင်ကျွမ်းခဲ့ကာ ကလေးများနှင့် ၎င်းတို့၏ဆရာမများ စုစုပေါင်း ၂၃ ဦး သေဆုံးခဲ့သည်။
ကလေးအယောက် ၂၀ နှင့် ဆရာမသုံးဦးတို့၏ ရုပ်အလောင်းများသည် ဆိုးဆိုးရွားရွား မီးလောင်ထားသောကြောင့် ၎င်းတို့၏အလောင်းများကို ဖော်ထုတ်နိုင်ရန် ဒီအန်အေစစ်ဆေးမှုများ လုပ်ဆောင်ခဲ့ပြီးနောက် ရုပ်ကြွင်းများကို ၎င်းတို့၏မိသားစုထံပြန်လည် ပို့ဆောင်ပေးခဲ့သည်။
ယူထိုင်းဌာနီပြည်နယ်ရှိ ဝက်ခေါင်ဖရာဆန်ခရမ်ကျောင်းမှ ဘန်ကောက်မြို့တော်မြောက်ပိုင်းရှိ သိပ္ပံပြတိုက်တစ်ခုသို့ လေ့လာရေးခရီးသွားရောက်ခဲ့သော ကလေးများလိုက်ပါလာသည့် ကျောင်းကား သုံးစီးတွင် တစ်စီးက ယင်းကဲ့သို့ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ဝန်ကြီးချုပ် ပေတုန်တန်ရှင်နာဝပ်ထရာက ဆေးရုံရှိ အသက်ရှင်ကျန်ရစ်သူများထံ သွားရောက်ခဲ့ပြီး အစိုးရအနေဖြင့် ဆေးကုသစရိတ်ပေးသွားမည်ဖြစ်ကာ သေဆုံးသူများ၏ ကျန်ရစ်သူမိသားစုကို နစ်နာကြေးပေးမည်ဟု ဆိုသည်။
စာသင်ကျောင်းတွင်မူ သေဆုံးခဲ့သူများအတွက် ငါးရက်ကြာအသုဘအခမ်းအနားကို ပြင်ဆင်မှုများ စတင်လုပ်ဆောင်ခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
