အာဆင်နယ်နည်းပြ အာတီတာက မိမိတို့အသင်းအနေဖြင့် ဥရောပတွင် အသင်းတိုင်းကို ယှဉ်ပြိုင်နိုင်စွမ်းရှိကြောင်း PSG နှင့်ပွဲအပြီးတွင် ကြုံးဝါးပြောကြားခဲ့သည်။
အာဆင်နယ်အသင်းသည် အင်္ဂါညက ကစားခဲ့သည့် ချန်ပီယံလိဂ် League Phase ပွဲစဉ် (၂) တွင် ပြင်သစ်ထိပ်သီး PSG အသင်းကို အိမ်ကွင်းတွင် (၂-၀) ဂိုးဖြင့် အနိုင်ရခဲ့သည်။
ယင်းပွဲအပြီးတွင် အာဆင်နယ်နည်းပြ အာတီတာက ''ဒီပွဲက ကျွန်တော်တို့ရဲ့ ယုံကြည်မှုကို တိုးစေပြီး ဥရောပမှာ ဘယ်အသင်းကိုမဆို ရင်ဆိုင်နိုင်စွမ်းရှိတယ်လို့ ခံစားရစေပါတယ်။ ချန်ပီယံလိဂ်ပွဲတွေက ပရီးမီးယားလိဂ်နဲ့ ကစားပုံတော်တော်လေး ခြားနားပါတယ်။ PSG နဲ့ပွဲမှာ ရင့်ကျက်မှု ပြသနိုင်ခဲ့ပြီး ဥရောပထိပ်တန်းအသင်းလို ကစားနိုင်ခဲ့ပါတယ်''ဟု ဆိုခဲ့သည်။
အာဆင်နယ်အသင်းသည် ယခုရာသီတွင် ပြိုင်ပွဲစုံ(၉)ပွဲ ယှဉ်ပြိုင်ကစားထားရာတွင် (၆)ပွဲနိုင်၊ (၃)ပွဲသရေကျပြီး ရှုံးပွဲမရှိသေးပေ။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
