ရေဘေးဒဏ်ကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသည့် နေပြည်တော် ကောင်စီနယ်မြေအတွင်းရှိ ယာဉ်အသင်း (၈၉) သင်းအတွက် လူမှုရေး ထောက်ပံ့ငွေကျပ် (၂၇၇) သိန်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း နေပြည်တော်ယာဉ်လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေး ကော်မတီ (အဝေးပြေး)မှ သိရသည်။
နေပြည်တော်ယာဉ်လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေး ကော်မတီ (အဝေးပြေး)၏ ရေဘေးဒဏ်ကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသည့် ယာဉ်လိုင်းများအား လူမှုရေးထောက်ပံ့ငွေ ပေးအပ်ပွဲကို အောက်တိုဘာ (၂)ရက် နံနက်ပိုင်းက ပျဉ်းမနားမြို့၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ လူမှုရေးထောက်ပံ့ငွေ ပေးအပ်ပွဲသို့ နေပြည်တော်ကောင်စီဝင်၊ နေပြည်တော်ကုန်းလမ်း သယ်ယူပို့ဆောင်ရေး လုပ်ငန်းများကြီးကြပ်ကွပ်ကဲရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမင်းဦး၊ နေပြည်တော် မော်တော်ယာဉ် လုပ်ငန်းပေါင်းစုံထိန်းသိမ်းရေးကော်မတီ(အဝေးပြေး)ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မော်တော်ယာဉ်အသင်းအသီးသီးမှ ယာဉ်ပိုင်ရှင်/ယာဉ်လိုင်းပိုင်ရှင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
နေပြည်တော်လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေးကော်မတီ (အဝေးပြေး) အနေဖြင့် စက်တင်ဘာ(၁၁)ရက်၊ ညပိုင်းက ဘောဂသီရိ အဝေးပြေးကားဝင်းအတွင်း ရေနစ်မြုပ်ခဲ့သည့်အတွက် ကားဂိတ်များတွင်ရှိသည့် ဂိတ်ဝန်ထမ်း/ယာဉ်ဝန်ထမ်းများကို အစားအသောက်နှင့် သောက်ရေသန့်များ ကူညီထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
တိုင်းဖွန်းမုန်တိုင်း ယာဂီကြောင့် နေပြည်တော်၊ ဘောဂသီရိကားဝင်းအတွင်း ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့် ယာဉ်လိုင်းဂိတ်များအား လူမှုရေးထောက်ပံ့ငွေများ အသီးသီးပေးအပ်ထောက်ပံ့ခဲ့ကြောင်း သိရသည်။
ထောက်ပံ့ပေးအပ်ရာတွင် ကားဂိတ်ခန်းနှင့် ယာဉ်အသင်းပူးတွဲအပိုင် (၂၇) အသင်းအတွက်(၁၃,၅၀၀,၀၀၀) ကျပ်၊ နေ့စဉ်ယာဉ်စီးရေ (၅) စီးနှင့်အထက် (၁၂) သင်းအတွက် (၄,၂ ၀၀,၀၀၀) ကျပ်၊ နေ့စဉ်ယာဉ်စီးရေ (၄) စီးနှင့်အောက် (၅၀) သင်းအတွက် (၁၀,၀၀၀,၀၀၀) ကျပ်၊ ယာဉ်အသင်းစုစုပေါင်း (၈၉) သင်းအတွက် (၂၇,၇၀၀,၀၀၀) ကျပ်အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။

-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
