ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ် ကမ္ဘာအေးဘုရားလမ်းမပေါ်တွင် ကွန်တိန်နာ ယာဉ်တစ်စီးမှ ဓါတ်ကြိုးများနှင့် မလွတ်ဘဲ မောင်းနှင်မှုကြောင့် ဓါတ်တိုင် (၅)တိုင်ခန့် ပြိုလဲကျခဲ့ပြီး လမ်းပိတ်ဆို့မှုများ ဖြစ်ပေါ်နေကြောင်း အနီးနားဝန်းကျင်ရှိ မြို့ခံများထံမှ ကနဦး သတင်းများအရ သိရသည်။
အဆိုပါ ဖြစ်စဉ်မှာ ယနေ့ အောက်တိုဘာ (၃)ရက် ညနေ (၄) နာရီဝန်းကျင်ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ညနေ(၆)နာရီခန့်အထိ လမ်းပိတ်နေကြောင်း အနီးနားဖြတ်သန်းသွားလာသူများထံမှ သိရသည်။
“ဓာတ်တိုင် ၅ တိုင်တောင် အကုန်ကျိုးကျပြီး လမ်းတွေ အကုန်ပိတ်နေပါတယ်။ ကွန်တိန်နာကားက ဓာတ်ကြိုးတွေကို မလွတ်ဘဲ ဆွဲချသွားတာမို့ အကုန် ဓါတ်တိုင်တွေ ကျိုးကျကုန်တာပါတဲ့။ ၈ မိုင်ဘက် အခြမ်းတော့ သွားလို့ရနေတယ်။ ဟိုဘက်ခြမ်းကို သွားဖို့တော့ လမ်းပိတ်နေဆဲပါ။ တာဝန်ရှိသူတွေလည်း လမ်းတွေရှင်းပေးနေရတယ်”ဟု အနီးပတ် ဝန်းကျင်မှ ပြည်သူတစ်ဦးက ဆိုသည်။
အဆိုပါ ဖြစ်စဉ်ကြောင့် လမ်းပိတ်ဆို့မှုများ ဖြစ်ပေါ်လျက်ရှိရာ သက်ဆိုင်ရာ တာဝန်ရှိသူများမှ ရှင်းလင်းရေးများ လုပ်ဆောင်လျက်ရှိပြီး ထိခိုက်ပျက်စီးမှုများကို မသိရှိရသေးပေ။


-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
