မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုံဂံရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ဒေသအတွင်းရှိ ဘုရား(၉)ဆူအား မိုးကြိုးလွှဲတပ်ဆင်လျက်ရှိရာ လက်ရှိတွင် ဘုရား(၄)ဆူတွင် မိုးကြိုးလွှဲတပ်ဆင်ပြီးစီးပြီဖြစ်ကြောင်း ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ သိရသည်။
ရှေးဟောင်းအဆောင်အအုံများ ရေရှည်တည်တံ့စေရန်နှင့် ထိန်းသိမ်းပြုပြင်ခြင်း လုပ်ငန်းများကို အမြဲမပြတ် လုပ်ကိုင်လျက်ရှိရာ ပုံဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေမှာ အပူပိုင်းရပ်ဝန်း ဒေသတွင် ပါဝင်သော်လည်း ရာသီဥတုဖောက်ပြန်မှုများနှင့်အတူ ၂၀၂၃ ခုနှစ်အတွင်း ဗူးဘုရားစေတီတော်နှင့် ဓမ္မရာဇကစေတီတော်တို့ မိုးကြိုးစက်ကွင်းထိမှန်ခဲ့ကြောင်း သိရသည်။
ထို့ကြောင့် သမိုင်းအထင်ကရများဖြစ်သည့် ငှက်ပစ်တောင်ဘုရား၊ အလိုတော်ပြည့်ဘုရား၊ ဗူးဘုရား၊ ရှင်အဇ္နဂေါဏဘုရား၊ ပြဿဒ်ကြီးဘုရား၊ တုရင်တောင်စွယ်တော်မြတ်စေတီ၊ လောကနန္ဒာစွယ်တော်မြတ်စေတီ၊ လေးမျက်နှာဘုရား၊ မင်္ဂလာစေတီနှင့် စေတနာကြီးဘုရားတို့တွင် မိုးကြိုးလွှဲတပ်ဆင်လျက်ရှိကြောင်း သိရသည်။
ထိုသို့ မိုးကြိုးလွှဲတပ်ဆင်လျက်ရှိရာ လက်ရှိတွင် ငှက်ပစ်တောင်ဘုရား၊ အလိုတော်ပြည့်ဘုရား၊ ဗူးဘုရား၊ ရှင်အဇ္နဂေါဏဘုရား လေးဆူတို့တွင် မိုးကြိုးလွှဲတပ်ဆင်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများ ရှေးသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ပုဂံဌာနခွဲ တာဝန်ရှိသူများနှင့် ဆောက်လုပ်ရေး အထူးအဖွဲ့(၇)မှ တာဝန်ရှိသူများမှ ကျန်ရှိသည့် ဘုရား(၅)ဆူတွင် မိုးကြိုးလွှဲတပ်ဆင်နိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
