မြစ်သားမြို့နယ်အတွင်းရှိ ကင်းတား ဆည်ရေလွှတ်ချမှုကြောင့် ပန်းလောင်မြစ်ရေ မြင့်တက်ကာ ကျေးရွာအုပ်စု (၂၀)ခန့် ရေကြီးရေလျှံဆက်လက်ဖြစ်ပွားနေကြောင်း မြေပြင်ကူညီကယ်ဆယ်ရေးဆောင်ရွက်ပေးနေသူ တစ်ဦးက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။
မြစ်သားမြို့နယ်အတွင်း ကျေးရွာအုပ်စု (၈၁)အုပ်စုရှိသည့်အနက် ကျေးရွာအုပ်စု (၂၀)ခန့်
ရေဝင်ရောက်နေခြင်းဖြစ်ပြီး ယခင်စက်တင်ဘာလအတွင်းကဲ့သို့ ဆိုးဆိုးရွားရွားဖြစ်ပွားခြင်းမဟုတ်ကြောင်း ၎င်းက ဆိုသည်။
” အရင်တစ်ခေါက်စက်တင်ဘာလကတော့ အေ-သအပျောက် (၈) ဦးရှိပေမယ့် အခုတစ်ခေါက် အေ-သ အပျောက်မရှိပါဘူး။ ရေဝင်တော့ ချက်စားပြုတ်စားဖို့ အဆင်မပြေဖြစ်တော့ ထမင်းထုပ်တွေ လိုက်ဝေပေးနေရတာပါ”ဟု ၎င်းက ပြောသည်။
လက်ရှိ ရေဝင်ရောက်နေသည့်အခြေအနေအရ မြစ်သားမြို့ ဗိုလ်ချုပ်လမ်းမကြီးတလျှောက် ခြေကျင်းဝတ်အထက်ခန့် ရေဝင်ရောက်နေသလို၊ အနိမ့်ပိုင်းရပ်ကွက်နှင့် ပန်းလောင်မြစ်ကမ်းဘေး ကျေးရွာအချို့တွင် ခါးလယ်ခန့်အထိ ရေကြီးရေလျှံနေခြင်းဖြစ်သည်ဟု မြို့နယ် တာဝန်ရှိသူတစ်ဦးက ပြောသည်။
“မြို့ပေါ်ရပ်ကွက်တွေ ရေဝင်တာက အရင်တစ်ခေါက်လောက်ဆိုးရွားမှုမရှိပါဘူး။ ရှိနိုင်ဖို့လည်း အလား အလာမရှိပါဘူး။ အရင်တစ်ခေါက်က ဆည်ရေမှတ်ပြည့်ပြီး ဆည်ရေကျော်ကျတယ်။ ရေထွက်ပေါက်ကလည်း ရေလွှတ် ထားတာကြောင့်ပေါင်းပြီး ရေကြီးသွားတာပါ။ အခုဟာက အဲ့ဒီလိုမဟုတ်ပါဘူး။ ဆည်ရေလည်းမပြည့်သေးပါဘူး။ ပြည့်မှာစိုးတာကြောင့် ရေထွက်ပေါက်ကနေ ထိန်းပြီးလွှတ်ချရတဲ့ သဘောပါ။အဲဒီတော့ ပန်းလောင်မြစ်ရေမြင့်တက်ပြီး အနိမ်ပိုင်းနဲ့ မြစ်ကမ်းဘေး ကျေးရွာအချို့ ရေဝင်တဲ့သဘောပါ”ဟု ၎င်းက ရှင်းပြသည်။
ထို့ကြောင့် ရေဘေးသင့်ပြည်သူ (၂၀၀၀) ဦးကျော် စားသောက်ရေး အခက်အခဲဖြစ်နေကြကာ ဒေသတွင်း လူမှုကူညီကယ်ဆယ်ရေးအဖွဲ့က နေ့စဉ် ထမင်းထုပ်များ လိုက်လံဝေငှပေးနေရကြောင်း သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ရေကြီးရေလျှံမှုဖြစ်စဉ်အတွင်း ကျေးရွာ အုပ်စုပေါင်း (၄၄) အုပ်စု ရေနစ်မြှပ်ခဲ့ပြီး၊ အသက်ဆုံးရှုံးသူ (၈)ဦးခန့်ရှိခဲ့ကြောင်း ဆိုသည်။
မန္တလေးတိုင်း၊ မြစ်သားမြို့နယ်အတွင်းရှိ ကင်းတားရေလှောင်တမံတွင် လက်ခံနိုင်သည့် ရေပမာဏထက်ကျော်လွန်နေ၍ ရေထိန်းတံခါး (၄) ပေါက်ဖွင့်မည်ဖြစ်သောကြောင့် ရေထပ်မံမြင့်တက်လာမည်ဖြစ်သဖြင့် ပန်းလောင်မြစ်ကမ်းဘေး ကျေးရွာအုပ်စုများ၌ နေထိုင်သူများအား ကုန်းမြင့်ရာဒေသသို့ ပြောင်းရွှေ့နေထိုင်ကြရန် မြစ်သားမြို့နယ် မီးတပ်သတ်ဖွဲ့က အောက်တိုဘာ (၁)ရက်တွင် လိုက်လံ အသိပေးနှိုးဆော်ထားသည်။
အဆိုပါ ကင်းတား ရေလှောင်တမံသည် ဆည်ရေပြည့်အမှတ် ၆၇၇ ဒဿမ ၃၂ ပေ ရှိပြီး လက်ရှိမိုးရွာသွန်းမှုအခြေအနေကြောင့် ရေပိုလွှဲရေတံခါးမှ ယခင် ၁ ဒဿမ ၆၄ ပေ (၂) ပေါက်ဖွင့်ချထားရာမှ အောက်တိုဘာ (၁) ရက် မွန်းလွဲပိုင်းအချိန်မှစ၍ နောက်ထပ် ရေပိုလွှဲရေတံခါး ၁ ဒဿမ ၆၄ ပေ ရေထွက်ပေါက် (၄) ပေါက် ထပ်မံရေထုတ်လွှတ်ခဲ့ရခြင်းဖြစ်သည်။






-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
