ထိုင်းနိုင်ငံသည် အိမ်နီးချင်းမြန်မာနိုင်ငံမှနေ၍ တရားမဝင် မူးယစ်ဆေးဝါး ကုန်ကူးမှု မြင့်တက်လာခြင်းကို ကြုံတွေ့နေရပြီး၊ မက်သာဖီတာမင်းနှင့် ဘိန်းဖြူ ဖမ်းဆီးရမိမှုများသည် သိသိသာသာမြင့်တက်လာကြောင်းနှင့် မြန်မာ့ပြည်တွင်းစစ်သည် ဒေသဆိုင်ရာ မူးယစ်ဆေးဝါး ကုန်သွယ်မှုကို ပိုမိုဆိုးဝါးလာစေသည်ဟု ထိုင်းနိုင်ငံ မူးယစ်ဆေးဝါး တန်ပြန်နှိမ်နင်းရေး အကြီးတန်းအရာရှိတစ်ဦးက ပြောဆိုသည်။
မူးယစ်ဆေးဝါး ထိန်းချုပ်ရေးဘုတ်အဖွဲ့ ONCB ၏ ဒုတိယအတွင်းရေးမှူးချုပ် Apikit Ch.Rojprasert က မြောက်ပိုင်းဒေသသည် ထိုင်းနိုင်ငံအတွင်းသို့ အဓိကကုန်ကူးမှုလမ်းကြောင်းအဖြစ် ဆက်ရှိနေဆဲဖြစ်ကာ မူးယစ်ကုန်ကူးသူများက တောင်တန်းများ သို့မဟုတ် မဲခေါင်မြစ်ကြောင်းမှတဆင့် မက်သာဖီတာမင်းဆေးပြားများ၊ အိုက်စ်ဟု သိကြသည့် ခရစ္စတယ်မက်များကို သယ်ဆောင်ကြသည်ဟု ပြောဆိုသည်။
ရာဇဝတ်ဂိုဏ်းများသည် မြန်မာနိုင်ငံရှိ ရှမ်းနှင့် ကချင်ပြည်နယ်များတွင် အထူးဓါတ်ခွဲခန်းများ တည်ထောင်ထားကြသည်ဟု ထိုင်းအာဏာပိုင်များက ပြောဆိုသည်။
ယင်းအကြောင်းအရာနှင့် ပတ်သက်၍ မြန်မာအစိုးရ ပြောရေးဆိုခွင့်ရှိသူက မှတ်ချက်ပေးရန် ငြင်းဆိုသော်လည်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအတွက် အိမ်နီးချင်းနိုင်ငံများနှင့် လက်တွဲဆောင်ရွက်သွားရန် ကတိပြုထားကြောင်း နစက က ပြောဆိုထားခဲ့သည်။
လက်နက်ကိုင် ပဋိပက္ခကြောင့် လက်နက်ဝယ်ယူရေး သို့မဟုတ် လက်နက်ကိုင်တပ်များကို အားကောင်းစေရေးတွင် မူးယစ်ဆေးဝါးကုန်သွယ်မှုသည် အသုံးချစရာ အကြောင်းရင်းတွေထဲက တစ်ခုဖြစ်သည်ဟု Apikit က ရိုက်တာနှင့် အင်တာဗျူးတွင် ပြောဆိုခဲ့သည်။
“ကျွန်တော်တို့အနေနဲ့ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုတွေနဲ့ ဆက်စပ်တဲ့ ရာဇဝတ်မှုတွေအပေါ် သတိရှိဖို့လိုပြီး အိမ်နီးချင်းနိုင်ငံတွေနဲ့ လက်တွဲလုပ်ဆောင်ရပါမယ်” ဟု သူက ပြောဆိုသည်။
ယခုနှစ်၏ ပထမ ရှစ်လခွဲကာလအတွင်း ထိုင်းနိုင်ငံ မြောက်ပိုင်းပြည်နယ်များဖြစ်သော ချင်းမိုင်၊ ချင်းရိုင်နှင့် မယ်ဟောင်ဆောင်တွင် မက်ဆေးပြားများ ဖမ်းဆီးရမိမှုသည် ၂၀၂၃ ခုနှစ်တစ်နှစ်လုံး ဖမ်းဆီးရမိမှုထက် ၁၇၂ ရာခိုင်နှုန်း တိုးလာခဲ့ပြီး ဆေးပြားပေါင်း ၃၄၆ သန်း ရှိခဲ့သည်ဟု ONCB ၏ အချက်အလက်များအရ သိရသည်။
အဆိုပါပြည်နယ်များ၌ပင် အိုက်စ် ဖမ်းဆီးရမိမှုသည်လည်း ယမန်နှစ် အလားတူကာလကထက် ၃၉ ရာခိုင်နှုန်း တိုးခဲ့ကာ အိုက်စ်မူးယစ်ဆေးဝါး ၆ ဒဿမ ၄၈ တန် ဖမ်းဆီးရမိခဲ့သည်။ ထို့အပြင် ယခုနှစ်တွင် ဘိန်းဖြူဖမ်းဆီးရမိမှုသည်လည်း ၃၂၇ ကီလိုဂရမ်ရှိခဲ့ကာ ၂၀၂၃ ခုနှစ်ကထက် ၇ ဆနီးပါး ပြန်လည်မြင့်တက်လာသည်ဟု သိရသည်။
Ref: Aol.
Source : ဘန်ကောက်ပို့စ်
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
