ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရသည် ကြီးမားသောသံတမန် အပြောင်းအရွှေ့အဖြစ် အိမ်နီးချင်း အိန္ဒိယနိုင်ငံဆိုင်ရာ သံအမတ်အပါအဝင် သံအမတ်ငါးဦးကို ပြန်လည်ခေါ်ယူခဲ့သည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိတစ်ဦးက အောက်တိုဘာ ၃ ရက်တွင် ပြောဆိုသည်။
နို့ဘဲလ်ငြိမ်းချမ်းရေးဆုရှင် မူဟမ်မက် ယူနွတ်စ်ဦးဆောင်သော ကြားဖြတ်အစိုးရလက်ထက်တွင် တောင်အာရှနိုင်ငံ၌ ကြီးမားသော နိုင်ငံရေးဆိုင်ရာ အပြောင်းအလဲများ ဖြစ်ပေါ်လာခဲ့သည်။
ဘရပ်ဆဲလ်၊ ကင်ဘာရာ၊ လစ္စဘွန်း နှင့် နူးဒေလီ သံအမတ်ကြီးများ နှင့် ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်း ကိုယ်စားလှယ်တို့ကို မြို့တော်ဒါကာသို့ ချက်ချင်း ပြန်လာရန် နိုင်ငံခြားရေးဝန်ကြီးဌာနက အမိန့်ပေးခဲ့သည်ဟု အမည်မဖော်လိုသူ အထက်ပါ အရာရှိက ပြောသည်။
၎င်းတို့အနေဖြင့် ၎င်းတို့၏ တာဝန်ဝတ္တရားများကို ချက်ချင်းလွှဲအပ်၍ ပြန်လာကြရန် ညွှန်ကြားခဲ့သည်ဟု အသေးစိတ်အချက်များမပါဝင်ဘဲ သူက ပြောဆိုခဲ့သည်။
ဗြိတိန်နိုင်ငံဆိုင်ရာ သံအမတ်ဖြစ်သူ Saida Muna Tasneem ကိုလည်း အလားတူ ပြန်လည်ဆင့်ခေါ်ခဲ့ပြီးနောက် ယခုကဲ့သို့ ထပ်မံခေါ်ယူမှုများ ပြုလုပ်လာခြင်းဖြစ်သည်။
ဝန်ကြီးချုပ်ဟောင်း ဟာစီနာပြုတ်ကျခဲ့သည့် ကျောင်းသားထုဦးဆောင်သော ဆန္ဒပြမှုများအတွင်း လူ ၇၀၀ ကျော် သေဆုံးခဲ့ရပြီး အိန္ဒိယနှင့် တင်းမာမှုများဖြစ်စေခဲ့သည်။ အိမ်နီးချင်းနှစ်နိုင်ငံသည် မိုင်ပေါင်း ၂၅၀၀ ခန့် နယ်နိမိတ်ထိစပ်မှုရှိကာ ဘင်္ဂလားပင်လယ်အော်တွင်လည်း ရေပြင်နယ်နိမိတ် ထိစပ်နေသည်။
နိုင်ငံရေး အပြောင်းအလဲကြောင့် ဟိန္ဒူဘာသာဝင်များ တိုက်ခိုက်ခံခဲ့ရသည်ဟု ဘင်္ဂလားဒေ့ရှ်ရှိ လူနည်းစု အသိုက်အဝန်းက ပြောသည်။ သို့ရာတွင် ဆူပူအကြမ်းဖက်မှုများသည် နိုင်ငံရေး ရည်ရွယ်ချက်သာဖြစ်ပြီး ဘာသာရေးပြဿနာမဟုတ်ဟု အစိုးရက ပြောဆိုသည်။
Ref: သည်အီကော်နောမစ်တိုင်းမ်စ်
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
