စက်မှုဇုန်များတွင် နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ လျှပ်စစ်မီးပေးမည်ဟု ကြေညာထားသော်လည်း အချိန်မှန်မရရှိသေးကြောင်း ရန်ကုန်တိုင်းရှိ စက်မှုဇုန်အချို့တွင် နေထိုင်သူများထံမှ သိရသည်။
“မီးက မလာတာကများတယ်။ စက်မှုဇုန်မှာက။ နေ့လည်ပိုင်းလောက်ဆိုပြတ်တာများတယ်။ တစ်ရက် ရှစ်နာရီက အပြည့်မလာဘူး။ အလုပ်လုပ်ရတာ တော်တော်အဆင်မပြေဘူး” ဟု သာကေတစက်မှုဇုန်တွင် နေထိုင်သူတစ်ဦးက ပြောကြားသည်။
သာကေတစက်မှုဇုန်တွင် မီးပြတ်တောက်ရသည့်အခြေအနေနှင့် ပတ်သက်ပြီး YESC Call စင်တာသို့ ဆက်သွယ်မေးမြန်းခဲ့ရာ “ပုသိမ်ညွန့်ဖီဒါ အောက်နေလို့ပါ။ ဝန်အားလျှော့နေရလို့ပါ။ အနည်းဆုံး နှစ်နာရီ လောက်တော့ ကြာတတ်တယ်” ဟု ပြန်လည်ဖြေကြားခဲ့သည်။
အလားတူ တောင်ဒဂုံ၊ လှိုင်သာယာစက်မှုဇုန်များတွင်လည်း တစ်ရက်လျှင် ရှစ်နာရီ ရရှိမည်ဟု ကြေညာထားသော်လည်း အပြည့်မရရှိကြောင်း အဆိုပါစက်မှုဇုန်များတွင် လုပ်ကိုင်လျက်ရှိသူများ၏ ပြောကြားချက်များအရ သိရသည်။
“တောင်ဒဂုံမှာလည်း ခဏခဏပြတ်တယ်။ မီးလာချိန်က ရှစ်နာရီအပြည့်မရဘူး။ အများဆုံး ပြတ်တာက နေ့လည်ပိုင်းပဲ။ အလုပ်လုပ်တဲ့အချိန် ပြတ်တာကတော့ အဆင်မပြေဘူး” ဟု တောင်ဒဂုံစက်မှုဇုန်တွင် နေထိုင်သူတစ်ဦးက ပြောကြားသည်။
စက်တင်ဘာ ၂၈ ရက်မှစ၍ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လူနေရပ်ကွက်များကို လေးနာရီအလှည့်ကျစနစ်ဖြင့် လျှပ်စစ်ဓာတ်အားပေးမည်ဖြစ်ကြောင်း၊ စက်မှုဇုန်များတွင် နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ လျှပ်စစ်မီးပေးမည်ဖြစ်ကြောင်း သက်ဆိုင်ရာ မြို့နယ်လျှပ်စစ်ရုံးများ၏ ကြေညာချက်များအရ သိရသည်။
စက်တင်ဘာ ၁ ရက်မှစတင်၍ လျှပ်စစ်မီတာခများ တိုးမြှင့်ကောက်ခံမည်ဖြစ်ပြီး အိမ်သုံးများအတွက် ယခင်အများဆုံး ၁၂၅ ကျပ်မှ ယခုကျပ် ၃၀၀ အထိလည်းကောင်း၊ လုပ်ငန်းသုံးများအတွက် ယခင်အများဆုံး ကျပ် ၁၈၀ မှ ယခုကျပ် ၅၀၀ အထိ တိုးမြှင့်ကောက်ခံသွားမည်ဖြစ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက အသိပေးကြေညာထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
