အလုပ်သမားသက်သေခံကတ်နှင့် PJ အမျိုးအစား ပတ်စ်ပို့ရှိမှသာ ပြည်ပထွက်ခွာ အလုပ်လုပ်ခွင့်ပြုမည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနက အောက်တိုဘာ ၃ ရက်ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ထုတ်ပြန်ကြေညာသည်။
ပြည်ပတွင် သွားရောက်လုပ်ကိုင်မည့်သူများအနေဖြင့် ဥပဒေနှင့်အညီ မှတ်ပုံတင်ခြင်း၊ ပြည်ပအလုပ်အကိုင်အတွက် နိုင်ငံကူးလက်မှတ် (Passport for Job-PJ) လျှောက်ထားရယူခြင်း၊ ပြည်ပအလုပ်အကိုင်အလုပ်သမား သက်သေခံကတ်(OWIC) လျှောက်ထားရယူခြင်းတို့မရှိဘဲ ပြည်ပအလည်အပတ်နိုင်ငံကူးလက်မှတ် (Passport for Visit PV) ကိုသာ လျှောက်ထားရယူထားပြီး ပြည်ပအလုပ်အကိုင်ဗီဇာများ ရယူကာ လေကြောင်းခရီးဖြင့် ပြည်ပထွက်ခွာရန် ဆောင်ရွက်လျက်ရှိသည်ဟု အလုပ်သမားဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
ယင်းသို့ထွက်ခွာရာတွင် သက်ဆိုင်ရာက လေဆိပ်တွင် စိစစ်သည့်အခါ သတ်မှတ်ချက်များနှင့်အညီ မကိုက်ညီသည့်အတွက် ပြည်ပသို့ ထွက်ခွာခွင့်မရခြင်းများကြောင့် လေယာဉ်လက်မှတ်ခအပါအဝင် အခြားသော ကုန်ကျစရိတ်များ ဆုံးရှုံးရသည့်ဖြစ်စဉ်များ ဖြစ်ပေါ်လျက်ရှိသည်ဟု အလုပ်သမားဝန်ကြီးဌာနက ဆိုသည်။
ယင်းကြောင့် ပြည်ပတွင်အလုပ်သွားရောက်လုပ်ကိုင်လိုသူများအနေဖြင့် ဆုံးရှုံးနစ်နာမှုများ မဖြစ်ပေါ်စေရေး ဥပဒေနှင့်အညီ မှတ်ပုံတင်ခြင်း၊ အလုပ်အကိုင်အတွက် PJ လျှောက်ထားရယူခြင်း၊ ပြည်ပအလုပ်အကိုင် အလုပ်သမးသက်သေခံကတ်(OWIC) လျှောက်ထားရယူခြင်းတို့အား ဆောင်ရွက်ကြရန် အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
