လွန်ခဲ့သော ၃ပတ်က ရေကြီးမှုကြောင့် ရှမ်းပြည်တောင်ပိုင်း သို့ ပျော်ဘွယ်မှ ကားလမ်းဖြင့်တက်ပါက သတိထားမောင်းနှင်ရမည့် လမ်းပိုင်းများ ရှိလာနေသဖြင့် ကုန်ကားကြီးအချို့ အတက်အဆင်း လုပ်ဖို့ မဝံ့မရဲ ဖြစ်နေကြသည်။
အတက်လမ်းဖက်ကကြည့်လျှင် ယင်းမာပင်အကျော် မုံပင်ရွာနားကစ၍ လမ်းပြိုမှုများ ရှိနေသည်။လမ်းဘေးရှိ ချောင်း ရေကြီးချိန်တွင် ရေတိုက်စားမှုကြောင့်လမ်းသားများ ပြိုကျသလို တဖက်ကမ်းရှိအပင်များပါ အမြစ်ပေါ်ကျန်သည်အထိ ရေတိုက်စားသွားသည်။ အပင်များပေါ်တွင် ကျွတ်ကျွတ်အိတ်နှင့်အမှိုက်များငြိကျန်ခဲ့သည်ကိုကြည့်၍ ရေမည်မျှတက်ခဲ့သည်ကို ခန့်မှန်းနိုင်သည်။
ရေတိုက်စားမှုအများဆုံးနေရာမှာ ရေပေါင်းဆုံရွာ အထက်ဖက်ဖြစ်သည်။အပေါ်မှ စီးလာသော ချောင်းကြီး ၂ခု၊ အောက်က ကန့်လန့်ဖြတ်စီးနေသော ချောင်းကြီး တို့ ဆုံပြီး ရေလုံးအားကြီးကာ လမ်းသားတို့ကို တိုက်စားသွားမှုက ပြင်းထန်လွန်းသည်။
Climate change ကမ္ဘာ့ရာသီဥတု အကြီးအကျယ်ပြောင်းလဲလာချိန်တွင် တနိုင်တပိုင် စည်းကမ်းရှိကြဖို့ပိုလိုလာကြောင်း မီးမောင်းထိုးပြနေသည့် မြင်ကွင်များလည်းဖြစ်သည်။
ရေကြီးမှု အရင်းခံဒေသများတွင် ရွှေတူးခြင်း၊ သစ်ခုတ်ခြင်း၊မီးသွေးဖုတ်ခြင်း၊ထင်းရူးခုတ်ခြင်းတို့ကို ပတ်ဝန်းကျင်အန္တရာယ်မဖြစ်စေရေးအသိပေးပြီး လူမှုတာဝန်ယူမှု CSR များကို တိုးမြှင့် အသိပေးကြရတော့မည်ဖြစ်သည်။
မကြာမီ နိုဝင်ဘာလ၌ ရှမ်းပြည်/ကယားပြည်နယ်များမှရာသီချိန်ပြောင်းဆန်များ ထွက်ရှိတော့မည်ဖြစ်ရာ ပို့ကုန်ပစ္စည်း ကုန်ကားများနှင့် တရုတ်ပြည်သို့ ကျိုင်းတုံ၊ မိုင်းလား ဖက်မှ ပို့ကုန် ပို့မည်ကုန်ကား အများဆုံး သွားမည့်လမ်းကြောင်း ဖြစ်၍ ကုန်တင်ကားများ ၄င်းနေရာတွင် ပိတ်ဆို့နိုင်သကဲ့သို့၊အန္တရယ်များနိုင်မည့် အနေအထားရှိနေသောကြောင့် ထိုလမ်းပိုင်းအား အမြန်ပြင်ဆင်ဖို့ လုပ်နေမည်ဟုယူဆရသည်။

















-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
