အောင်ဘာလေအွန်လိုင်းထီ တစ်လ နှစ်ကြိမ် ဖွင့်လှစ်မည်ဖြစ်ပြီး ဂဏန်းအရေအတွက် ငါးလုံးပါဝင်မည်ဖြစ်ကြောင်း အောင်ဘာလေသိန်းဆုဌာနခွဲက ကြေညာသည်။
အောက်တိုဘာ ၁၅ ရက်တွင် ဂဏန်းငါးလုံးပါ အောင်ဘာလေအွန်လိုင်းထီကို စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း၊ တစ်လလျှင် နှစ်ကြိမ် ထီဖွင့်ပွဲပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ အောင်ဘာလေအွန်လိုင်းထီ၏ ပုံစံသစ် ငါးလုံးထီတွင် Jackpot ဆုကြီးပါဝင်မည်ဖြစ်ကြောင်း၊ လတ်တလောတွင် ဂဏန်းခြောက်လုံးထီမှ ငါးလုံးထီသို့ ကူးပြောင်းရန် ပြင်ဆင်နေသဖြင့် အောက်တိုဘာ ၁ ရက်မှ ၁၄ ရက်အထိ လက်မှတ်အရောင်းပိတ်ထားကြောင်း အောင်ဘာလေအွန်လိုင်းထီက ကြေညာထားသည်။
Jackpot ဆုကြီးတွင် အောင်ဘာအွန်လိုင်းထီ၏ အမြင့်ဆုံးထီဆုအတွက် ထီနံပါတ်ကို ကံထူးရှင်ထွက်ပေါ်လာသည်ဖြစ်စေ မထွက်ပေါ်လာသည်ဖြစ်စေ သုံးကြိမ်အများဆုံးဖွင့်လှစ်မည်ဖြစ်ကြောင်း၊ သုံးကြိမ်အထိ ကံထူးရှင်မထွက်လာပါက အဆိုပါထီဆုကြေးငွေအား နောက်တစ်ကြိမ် ထီဖွင့်ပွဲတွင် ပေါင်းထည့်ပေးမည်ဖြစ်၍ ထီဆုငွေ ဆတိုးတက်သွားမည့် အခွင့်အရေးနှင့် ကံစမ်းရမည်ဖြစ်သည့်အပြင် အဆိုပါကံစမ်းမှုမျိုးကို (၆)ကြိမ်အထိပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းများထွက်ပေါ်နေသော်လည်း အတည်ပြုနိုင်ခြင်းမရှိသေးပေ။
အောင်ဘာလေအွန်လိုင်းထီကို ၂၀၂၃ ခုနှစ် ဇွန်လတွင် စတင်ရောင်းချခဲ့ပြီး အက္ခရာတစ်လုံး၊ ဂဏန်း ခြောက်လုံး၊ ထီတစ်စောင် ကျပ် ၁၀၀၀၊ အမြင့်ဆုံးဆု ကျပ် သိန်း ၅၀၀ ဖြင့်သာ တစ်လတစ်ကြိမ်ဖွင့်လှစ်ပေးနေခြင်းဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
