လာအိုနိုင်ငံတွင် ပြုလုပ်မည့် အာဆီယံထိပ်သီးအစည်းအဝေးသို့ မြန်မာ့နိုင်ငံခြားရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် တက်ရောက်မည်ဖြစ်ကြောင်း ဂျပန်အခြေစိုက် Nikkei Asian တွင် သတင်းဖော်ပြထားသည်။
အောက်တိုဘာ ၉ ရက်တွင် လာအိုနိုင်ငံ ဗီယန်ကျင်းမြို့တွင် ပြုလုပ်မည့် အဆိုပါထိပ်သီးအစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်ကျော်မိုးအား စေလွှတ်မည်ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ကိုးကားပြီး သတင်းတွင် ဖော်ပြထားသည်။
ယခုအကြိမ်တက်ရောက်မှုမှာ လေးနှစ်တာကာလအတွင်း ပထမဆုံးအကြိမ်ဖြစ်ကြောင်း၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများက ယခုအကြိမ်တွင် အကြီးတန်းသံတမန်တစ်ဦး စေလွှတ်ခြင်းကို သဘောတူညီဖွယ်ရှိသည်ဟု အဆိုပါသတင်းတွင် ဆက်လက်ဖော်ပြထားသည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီနောက်ပိုင်းတွင် အာဆီယံထိပ်သီးအစည်းအဝေးများတွင် မြန်မာနိုင်ငံဘက်မှ ကိုယ်စားလှယ်များကို နိုင်ငံရေးမဟုတ်သော ကိုယ်စားလှယ်များ တက်ရောက်ခွင့်ပြုရန် အာဆီယံနိုင်ငံများ က ဆုံးဖြတ်ခဲ့သည်။
၂၀၂၁ ခုနှစ် ဧပြီလက အင်ဒိုနီးရှားနိုင်ငံတွင် ပြုလုပ်ခဲ့သည့် အာဆီယံထိပ်သီးအစည်းအဝေးသို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ခဲ့ပြီး ယင်းအစည်းအဝေးတွင် မြန်မာနိုင်ငံအကြပ်အတည်းနှင့် ပတ်သက်ပြီး ဘုံသဘောတူညီမှု ငါးရပ်ကို ချမှတ်ခဲ့ရာ တိုးတက်မှု အနည်းငယ်ရှိခဲ့သည်ဟု သတင်းတွင် ဆက်လက်ရေးသားထားသည်။
ယင်းအပြင် လွန်ခဲ့သည့် နှစ်များကလည်း အာဆီယံထိပ်သီးအစည်းအဝေးသို့ နိုင်ငံရေးနှင့်မသက်ဆိုင်သည့် အရပ်ဘက်ကိုယ်စားလှယ်များ စေလွှတ်ရန်ကိုမူ မြန်မာအစိုးရဘက်က ငြင်းပယ်ခဲ့ပြီး လွန်ခဲ့သည့် သုံးနှစ်တာကာလအတွင်း အာဆီယံ နိုင်ငံခြားရေးနှင့် ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးသို့ အောက်ခြေအဆင့် အရာရှိများကိုသာ စေလွှတ်ခဲ့သည်ဟု သတင်းတွင် ဖော်ပြထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
