ကရင်ပြည်နယ်အတွင်းရှိ ဘားအံ-လှိုင်းဘွဲ့ ကားလမ်းမကြီး၊ ထီလုံ-တာပေါင်-ပတ-နဘူး-ကော့ကရိတ်(တံတားကျိုး) လမ်း (ထီလုံ-ပတ) အပိုင်းတွင် ရေကြီးရေလျှံမှု ဖြစ်စဉ်ကြောင့် နေရာ(၉)နေရာ၌ ရေကျော်ခဲ့ပြီး ထိခိုက်မှုများရှိခဲ့ရာ လက်ရှိတွင် (၈) နေရာအား ပြင်ဆင်ပြီးဖြစ်ကြောင်း ပြည်နယ်လမ်းဦးစီးဌာနမှ သိရသည်။
ကရင်ပြည်နယ် ဘားအံ-လှိုင်းဘွဲ့ ကားလမ်းမကြီး၊ ထီလုံ -တာပေါင်-ပတ-နဘူး-ကော့ကရိတ်(တံတားကျိုး)လမ်းပိုင်း ရေကြီးရေလျှံမှုဖြစ်ပွားစဉ်က ရေကျော်ခဲ့သည့် လမ်းပိုင်းများကို ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ အောက်တိုဘာ(၃) ရက် နံနက်ပိုင်းက မော်တော်ယာဉ်ဖြင့် ဖြတ်သန်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်ဆေးရာ ထီလုံ-တာပေါင်-ပတ-နဘူး-ကော့ကရိတ်(တံတားကျိုး)လမ်း (ထီလုံ-ပတ) အပိုင်းတွင် ရေကြီး ရေလျှံမှုဖြစ်စဉ်ကြောင့် တံတားအမှတ် (၂/၇) ကျောက်စီကမ်းကပ်ခုံ (၁၀) ပေတံတား၏ ကမ်းကပ်ခုံသည် ကြံ့ခိုင်မှုအားနည်းနေ၍ ယာဉ်သွားလာမှုပြတ်တောက်မှုမရှိစေရေး၊ အဆင်ပြေချောမွေ့စေရေး လမ်းဦးစီးဌာန၊ လမ်းအထူးအဖွဲ့ (၂၂)က သံဘောင်ဘေလီတံတား ၃၀ ပေ (D/S) တည်ဆောက်ခြင်း လုပ်ငန်းအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
