တိုင်ပေ၊အောက်တိုဘာ ၃
ထိုင်ဝမ်နိုင်ငံတောင်ပိုင်းရှိ Pingtung ကောင်တီဆေးရုံ၌ ကြာသပတေးနေ့နံနက်အစောပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ရာ နေ့လည် ၁ နာရီအချိန်၌ ေ-သဆုံးသူ ကိုးဦးရှိလာကြောင်း အာဏာပိုင်များကပြောကြားခဲ့သည်။
ဒေသဆိုင်ရာအာဏာပိုင်များ၏ပြောကြားချက်အရ ေ-သဆုံးသူများကို ဆေးရုံအတွင်းမှ သယ်ထုတ်လာစဉ်ကတည်းက အရေးပေါ်ကယ်ဆယ်ရေးဖြင့် ကြိုးစားကယ်တင်ခဲ့သော်လည်း မအောင်မြင်ဘဲ အသက်ဆုံးရှုံးခဲ့ကြောင်းသိရသည်။
Antai Tian – sheng Memorial ဆေးရုံ၌ မီးလောင်နေကြောင်း ဒေသခံမီးသတ်တပ်ဖွဲ့ကသတင်းရရှိသဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ကြောင်း ဒေသတွင်းမီဒီယာများတွင်ဖော်ပြထားသည်။
ဆေးရုံတာဝန်ရှိသူတစ်ဦး၏ပြောကြားချက်အရ မီးလောင်ကျွမ်းမှုသည် ဆေးရုံစက်ခန်းရှိ အဲကွန်ပရက်ဆာတစ်ခု အပူလွန်ကဲလောင်ကျွမ်းမှုကြောင့် ဖြစ်ပြီး ေ-သဆုံးသူများသည် သက်ကြီးရွယ်အိုဆေးရုံတက်လူနာများဖြစ်သည်ဟုလည်းသိရသည်။
လက်ရှိအချိန်အထိ ေ-သဆုံးသူကိုးဦးရှိကာ မီးကိုထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ကြောင်းဒေသဆိုင်ရာ မီးသတ်တပ်ဖွဲ့က မီဒီယာများကို အသိပေးပြောကြားခဲ့သည်။
Source : ရှင်းဟွာ
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
