မိုးရွာသွန်းမှုများနှင့်အတူ မြေပြိုမှုများဖြစ်ပွားခဲ့သည့် ပင်လောင်း-ပေါင်းလောင်း-ကင်းသာ-နေပြည်တော်လမ်းပိုင်းမှာ စက်တင်ဘာ (၂)ရက်နေ့မှစတင်၍ ဖြတ်သန်းသွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ လမ်းပိုင်းမှာ စက်တင်ဘာလအတွင်းက ဖြစ်ပွားခဲ့သည့် ရေကြီးရေလျှံခြင်းမှတစ်ဆင့် နောက်ဆက်တွဲမြေပြိုကျမှုများကြောင့် တစ်လနီးပါးကြာ သွားလာ၍ မရဘဲ၊ လမ်းပန်းဆက်သွယ်ရေးများပြတ်တောက်ခဲ့ရခြင်းဖြစ်သည်။
“အခု ကားကြီးကားသေးရော ဆိုင်ကယ်အားလုံး သွားလို့ရနေပါပြီ။ မနေ့က စပြီးသွားလို့ရတာပေါ့။ သွားလို့လာလို့ရတော့လည်း ကုန်ပစ္စည်းတွေ ပြန်ဝင်ရင် ဈေးနည်းနည်းကျလာမှာပေါ့။ ကျန်တာကတော့ ထူးခြားတာမရှိပါဘူး”ဒေသတွင်း သွားလာခဲ့သည့် ယာဉ်မောင်းတစ်ဦးက ပြောသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့၌ သြဂုတ်(၁)ရက်မှ စတင်ရွာသွန်းခဲ့သော မိုးရေချိန်သည် နှစ်ပေါင်း(၅၆)နှစ်တာ ကာလအတွင်း စံချိန်တင်မိုးရွာသွန်းမှုဖြစ်ပွားခဲ့ကြောင်း မိုး/ဇလ၏ အချက်အလက်များအရ သိရသည်။
အဆိုပါ လမ်းပိုင်း သွားလာရေးပြတ်တောက်ခဲ့သည့်အတွက် ဒေသတွင်း စားသောက်ကုန်စည်များအပြင် လူသုံးကုန်ပစ္စည်းများပြတ်လပ်ခဲ့ရသည့်အပြင် ကုန်စျေးနှုန်းမှာလည်း ယခင် စျေးနှုန်းထက် အဆမတန်မြင့်တက်လာခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ပင်လောင်းမြို့၏ တောင်ဘက် ဗန်းမောက် ၊ နမ့်ဖာမူ ၊ နောင်ဝိုးလွယ်ကျေးရွာတို့တွင် ပြီးခဲ့သည့် စက်တင်ဘာလ တတိယပတ်မှ စတင်၍ နှစ်ဖက်ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့သေးကြောင်း သိရသည်။
ဓာတ်ပုံ-CJ

-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
