ဟနွိုင်း၊အောက်တိုဘာ ၃
အငြင်းပွားရေပိုင်နက်ဖြစ်သည့် တောင်တရုတ်ပင်လယ်ပြင်၌ ဗီယက်နမ်ငါးဖမ်းသင်္ဘောကို တရုတ်ကတိုက်ခိုက်ခြင်းသည် တံငါလုပ်သားများ၏ အသက်အန္တရာယ်ကိုခြိမ်းခြောက်ခြင်းဖြစ်သည်ဟု ဗီယက်နမ်ကစွပ်စွဲပြောကြားလိုက်သည်။
ယင်းသို့တိုက်ခိုက်ခံလိုက်ရသည့်အတွက် ဗီယက်နမ်ငါးဖမ်းသင်္ဘောမှ သင်္ဘောသား ၁၀ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကာ သုံးဦးသည် အရိုးကျိုးဒဏ်ရာများရရှိခဲ့သည်ဟု ဗီယက်နမ်နိုင်ငံပိုင်မီဒီယာတစ်ခုဖြစ်သည့် Tien Phong တွင်ဖော်ပြထားသည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကမူ ယခုကိစ္စကို မှတ်ချက်ပေးရန်အကြောင်းပြန်ကြားခြင်းမရှိသော်လည်း အဆိုပါငါးဖမ်းသင်္ဘောသည် Paracel ကျွန်း၌ တရုတ်နိုင်ငံ၏ခွင့်ပြုချက်မရဘဲ ဝင်ရောက်ငါးဖမ်းနေသည့်အတွက် တရုတ်အာဏာပိုင်များက အရေးယူခဲ့ခြင်းသာဖြစ်သည်ဟုဆိုသော်လည်း ယခုဖြစ်စဉ်ကို ရည်ညွှန်းပါသည်ဟု တိတိကျကျထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိပေ။
တိုက်ခိုက်ခံရသည့်လှေပေါ်မှ ပင်လယ်စာ လေးတန်ခန့် ကိုသိမ်းဆည်းရမိပြီး လှေပေါ်ရှိ လုပ်ငန်းသုံးကိရိယာများသည် လည်း ဖျက်ဆီးခံခဲ့ရသည်ဟု နိုင်ငံပိုင်မီဒီယာ၌ဖော်ပြထားပြီး ဆုံးရှုံးမှုတန်ဖိုးမှာ ဗီယက်နမ်ငွေကြေး ဒေါင် သန်း ၅၀၀ (ကန်ဒေါ်လာ ၂၀,၂၂၀) ထိရှိသည်ဟုလည်းသိရသည်။
Source : ဘန်ကောက်ပို့စ်
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
