ရွှေဆံပင်ဆရာတော် အရှင်ဝေပုလ္လဦးဆောင်သည့် ရေဘေးကူညီကယ်ဆယ်ရေးအဖွဲ့သည်
အင်းလေးရှိ ရေဝင်ဒေသနှင့် ကယားပြည်နယ် လွိုင်ကော်ဒေသများသို့ သွားရောက်လှုဒါန်းရန်
စီစဉ်နေကြောင်း သိရသည်။
“အလှူရှင်အရောက်နည်းတဲ့ အင်းလေး ရွာတွေက အိမ်ထောင်စု (၁၀၀၀)ကျော်ကို ဆန်၊ ခြင်ထောင်နဲ့ စားစရာတွေ၊ Solar မီးသီး၊ ကာဘော်လစ်ဆပ်ပြာနဲ့ ဆေးတွေကို တစ်အိမ် (၅၀၀၀၀) ကျပ်ဖိုး နဲ့ကျပ်သိန်း (၅၀၀) ဖိုး လှူဒါန်းမှာပါ။ ကယား ပြည်နယ်၊ လွိုင်ကော်ဖက်က မိသားစု (၅၀၀) ကိုတော့ ဘာရချင်လဲမေးကြည့်တော့ စစ်ဘေးရှောင်နေရတာကြာပြီ ဖြစ်လို့ အများစုက အိမ်လခပေးဖို့တောင် ခက်ခဲနေကြတယ်ပြောကြပါတယ်။ အဲဒါကြောင့် အိမ်ထောင်စု (၅၀၀) ကို တစ်အိမ် ကျပ် (၅၀၀၀၀) နှုန်းနဲ့ ကျပ်သိန်း (၂၅၀) လှူပေးမှာပါ” ဟု အရှင်ဝေပုလ္လကမိန့်ကြားသည်။
ရွှေဆံပင်အဖွဲ့ အင်းလေးဒေသ ရေဘေးလှူဒါန်းမှုအဆင်ပြေရန်အတွက် ဦးအာစိဏ္ဏာလင်္ကာရ ဦးဆောင်သော ရှေ့ပြေးလေ့လာစာရင်းကောက်အဖွဲ့သည် အင်းလေးဒေသသို့ ရောက်ရှိကာ စာရင်းကောက်ယူနေပြီဖြစ်ပြီး သောက်ရေရှားပါးနေသည့် မြေနီကုန်းရွာကို ရွှေဆံပင်အဖွဲ့က Solar နှင့် ရေသန့်စက် တပ်ဆင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
Save The Needy အဖွဲ့ နှင့် အလှူရှင်များမှ တစ်ရက်လျင် ရေသန့် လီတာ (၂၀၀၀)ကျော် ထုတ်ပေးနိုင်မည့် သိန်း (၇၀) တန်ဖိုးရှိ Solar နှင့် ရေသန့်စက် လှူဒါန်းထားပြီး အင်းလေးမှ ရေတွင်းတူးမရသည့် မြေနီကုန်းရွာကို လှူပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ရွှေဆံပင်အဖွဲ့အနေဖြင့် အင်းလေးဒေသနှင့်လွိုင်ကော်ဒေသသို့ အောက်တိုဘာလ (၅)ရက်တွင် သွားရောက်လှုဒါန်းကြရန် စီစဉ်ထားပြီး ဖုန်းနံပါတ် ၀၉၇၇၇၀၀၀၅၂၈/၉ နှင့် ၀၉ ၄၀၀၄၇၁၄၂၂ (Kpay) များသို့ ဆက်သွယ်ကာ ပါဝင်လှုဒါန်းနိုင်ကြောင်း အသိပေးထားသည်။




-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
