၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်းစာရင်းအား အောက်တိုဘာ ၁ ရက်မှစတင်၍ နေပြည်တော်အပါအဝင် တိုင်းနှင့်ပြည် နယ်အားလုံးတွင် စာရင်းကောက်ယူမှုများပြု လုပ်ခဲ့ရာ ယင်းနေ့ညပိုင်းအထိ လူဦးရေ ၄ သိန်းခန့်အား ကောက်ယူနိုင်ခဲ့ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနထံမှ သိရသည်။
အိမ်ထောင်စုပေါင်း(၈၈၀၀၀)ကျော်နှင့်လူဦးရေ (၃၉၀၀၀၀)ကျော်ကို လူဦးရေနှင့်အိမ်အကြောင်း အရာသန်းခေါင်စာရင်းကောက်ယူရေးအဖွဲ့ဝင်များက ကောက်ယူပေးခဲ့ပြီးနောက် လဝက ၏ ဆာဗာသို့ပေးပို့ခဲ့ကြကြောင်း သိရသည်။
ထို့ပြင် စာရင်းကောက်ယူရေးအဖွဲ့ဝင်များမှ ကောက်ယူရန်ကျန်ရှိနေသည့် အိမ်ထောင်စုနှင့်လူဦးရေများကို အောက်တိုဘာ ၁၅ ရက်အထိ သက်ဆိုင်ရာ နေရာများအလိုက် ဆက်လက်ကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
” စာရင်းကောက်ယူရာမှာ မထပ်မကျန်အောင် စာရင်းကောက်ကွက်တွေဖွဲ့စည်းပြီး စာရင်းစစ်၊ စာရင်းကောက်တွေကို မြေပုံနဲ့တကွ တာဝန်ပေးအပ်ထားလို့ ကျန်ရှိဖို့အခွင့်အလမ်းနည်းပါတယ်။ ကျန်ရှိခဲ့ရင်လည်း ပြည်သူတွေအနေနဲ့မိမိတို့အိမ်ကို သန်းခေါင်စာရင်းလာမကောက်ရင် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးတွေကတစ်ဆင့် မြို့နယ်သန်းခေါင်စာရင်းကော်မတီတွေကို ဆက်သွယ်သတင်းပေးတာနဲ့ လာရောက် စာရင်းကောက်ယူမှာပါ”ဟု လဝက ကပြောကြားထားသည်။
ထို့အတူ Hotline ဖုန်းနံပါတ်များဖြစ်သည့် ဖုန်း ၀၆၇၄၃၁၀၆၄၊ ၀၆၇၄၁၅၃၉ နှင့် ၀၆၇၄၃၁၅၄၂ တို့သို့ဆက်သွယ်၍ သန်းခေါင်စာရင်းလာရောက်ကောက်ယူရန် အကြောင်းကြားနိုင်ကြောင်း သိရသည်။
သန်းခေါင်စာရင်းကောက်ယူသူများ စာရင်းကောက်ယူရာ၌ ဘေးကင်းလုံခြုံမှုရှိစေရန် လုံခြုံရေးအဖွဲ့အစည်းများမှ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး လုံခြုံရေးကန့်သတ်ချက်ရှိသော မြို့နယ်အချို့တွင် လုံခြုံရေးအစီအမံများချမှတ်၍ စာရင်းကောက်ယူမည့်ရက်အား တိုးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။




-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
