လာမည့်နိုဝင်ဘာလတွင် ကျင်းပပြုလုပ်မည့် COEX Food Week 2024 ပြပွဲသို့ နိုင်ငံအသီးသီးမှ အဝယ်တော်များ တက်ရောက်မည်ဖြစ်သည့်အတွက် မြန်မာနိုင်ငံမှလည်းပါဝင်ပြသရန် ဖိတ်ခေါ်ထားကြောင်း ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ထံမှ သိရသည်။
ယင်းပြပွဲကို တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့ရှိ ညီလာခံများနှင့် ပြပွဲများ ကျင်းပရေးစင်တာ (Convention & Exhibition Center – COEX) တွင် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၂၀)ရက်မှ (၂၃)ရက်အထိ ကျင်းပမည်ဖြစ်သည်။
COEX Food Week 2024 ကို World FoodTech Expo နှင့် the Korea Bakery Show တို့နှင့်အတူ တစ်ပြိုင်တည်း ကျင်းပသွားမည်ဖြစ်သည့်အတွက် တောင်ကိုရီးယားနိုင်ငံတွင် ကျင်းပလေ့ရှိသည့် စားသောက်ကုန်ပြပွဲများအနက် အစည်ကားဆုံးပြပွဲဖြစ်ကြောင်း၊ ပြပွဲကာလအတွင်း ကမ္ဘာအနှံ့ရှိ စားသောက်ကုန်နှင့် အဖျော်ယမကာကဏ္ဍမှ ကုန်စည်နှင့် ဝန်ဆောင်မှုများစွာကို ခင်းကျင်းပြသသွားမည်ဖြစ်ကြောင်း သိရသည်။
ပြပွဲသို့ ပါဝင်တက်ရောက်ခြင်း၊ ပြသခြင်းအားဖြင့် ကမ္ဘာအနှံ့မှ သက်ဆိုင်ရာ အဖွဲ့ အစည်းများနှင့် ရင်းနှီးမှုကိုခိုင်မာစေပြီး ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်နိုင်မည်ဖြစ်ကြောင်း သိရသည်။
ပြပွဲတွင် နိုင်ငံပေါင်း (၂၀) မှ ကုမ္ပဏီ (၁,၀၀၀) ခန့်က ပြခန်းပေါင်း (၁,၄၀၀) ကျော်ကို ခင်းကျင်း ပြသသွားမည်ဖြစ်ကာ ပြပွဲသို့ လာရောက်လေ့လာသူနှင့် အဝယ်တော် စုစုပေါင်း (၅၅,၀၀၀) ခန့် တက်ရောက်နိုင်ဖွယ်ရှိသည်ဟု ခန့်မှန်းထားကြောင်း သိရသည်။
အဆိုပါ ပြပွဲသို့ ပါဝင်ပြသလိုသည့် မြန်မာစီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ၊ ဖုန်း- ၀၆၇-၄၀၈၆၂၂၊ E-mail: event.td.myantrade @gmail.com သို့ ဆက်သွယ်စုံစမ်းစာရင်းပေးသွင်းနိုင်ကြောင်း အသိပေးထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
