မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မန္တလေးတိုင်း၊ မြစ်သားမြို့နယ်ရှိ ပန်းလောင်မြစ်ရေမြင့်တက်ခဲ့ရာ အောက်တိုဘာ ၁ ရက်တွင် မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ(၂၁)ခုအတွင်းသို့ ရေများဝင်ရောက်ခဲ့မှုကြောင့် ဒေသခံလူဦးရေ(၂)သောင်းခန့် ထပ်မံရေဘေးသင့်ခဲ့ကြောင်း သိရသည်။
ပန်းလောင်မြစ်ရေမြင့်တက်ခဲ့မှုကြောင့် မြစ်ကမ်းဘေးရှိ ရွာခိုင်ကြီးကျေးရွာ၊ အိမ်ရှေ့တောင်ကျေးရွာ၊ ကဆွန်ကျေးရွာ၊ မြစ်ဆုံကြီးကျေးရွာ၊ ရွှေပေါ်ကျွန်းကျေးရွာတို့တွင် မြစ်ရေ(၄)ပေခန့်၊ ကျွန်းတောရပ်ကွက်၊ မြို့မ(အရှေ့/အနောက်)နှင့်ဘူတာရပ်ကွက်၊ ကျွန်းလှကျေးရွာ၊ မရှက်ကျေးရွာ၊ နွားကူးလေးကျေးရွာ၊ လောင်းတော်ဦးကျေးရွာ၊ ရွာမုန်းကြီးကျေးရွာ၊ ဟွေးကျေးရွာ၊ လက်ပံဆိပ်ကျေးရွာ၊ အုန်းကုန်းကျေးရွာတို့တွင် မြစ်ရေ (၅)ပေခန့်၊ မင်းကုန်းရပ်ကွက်၊ ရှမ်းပွဲရပ်ကွက်၊ ရွှေသူဌေးရပ်ကွက်နှင့် အုပ်ရှစ်ကုန်းရပ်ကွက်တို့တွင် မြစ်ရေ(၃)ပေခန့်စီ ရေဝင်ရောက်လျက်ရှိကြောင်း သိရသည်။
ထို့ကြောင့် ယင်း ရပ်ကွက်/ကျေးရွာ(၂၁)ခုအ တွင်းရှိ အိမ်ထောင်စု(၅၂၂၆)စုမှ လူဦးရေ (၁၉၈၄၅)ဦးသည် ရေဘေးအခက်အခဲထပ်မံကြုံတွေ့နေရသဖြင့် ဖွင့်လှစ်ခဲ့ရသည့် ယာယီရေဘေးကယ်ဆယ်ရေးစခန်း(၂၇)ခုသို့ လုံခြုံရေးအဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့် လူမှုကူညီရေးအသင်းဝင်များက ကူညီပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
ထို့ပြင် ရေဘေးသင့်သူများ စားသောက်မှုအဆင်ပြေစေရန် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးခြင်း၊ ကျန်းမာရေးဝန်ထမ်းများမှ ကျန်းမာရေးစောင့်ရှောက်ပေးခြင်းများကို ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။
လက်ရှိဖြစ်ပေါ်နေသည့် မြစ်သားမြို့နယ်အတွင်း ရေကြီးရေလျှံမှုမတိုင်မီ တာဝန်ရှိသူများက အသိပေးတိုက်တွန်းနှိုးဆော်ခြင်းများ၊ ကူညီရွှေ့ပြောင်းပေးခြင်းများကို အချိန်မီဆောင်ရွက်ပေးနိုင်ခဲ့၍ ဒေသခံများမှာ ေ-သဆုံးမှုနှင့်ထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့ကြောင်း သိရသည်။



-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
