ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှတစ်ဆင့် ရေဘေးသင့်ပြည်သူများအတွက် အလှူရှင်နှစ်ဦးမှလှူဒါန်းထားသည့် ဆန်အိတ်(၄၄၀၀)အိတ်ကို အောက်တိုဘာ ၃ ရက်မွန်းလွဲ ၂ နာရီက လွှဲပြောင်းပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
နိုင်ငံခြားရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့်စီမံရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ဦးမြင့်နိုင်ဦးက အလှူရှင်နှစ်ဦးကိုယ်စား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းထံသို့ လွှဲပြောင်းပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံမှ ရေဘေးသင့်ပြည်သူများအတွက် ကမ္ဘောဒီးယားနိုင်ငံ၊ ဆီဟာနုဗေးလ်မြို့ရှိ DV Group ပိုင်ရှင်နှင့်ဥက္ကဋ္ဌဖြစ်သူ မြန်မာနိုင်ငံသား စီးပွားရေးလုပ်ငန်းရှင် ဦးဝမ်ကျားဟွာ(ခ)ဦးမြင့်ဆွေက ငွေကျပ်သိန်း(၂၀၀၀)ခန့်တန်ဖိုးရှိ ဆန်အိတ်ပေါင်း(၄၀၀၀)အိတ်နှင့် ကမ္ဘောဒီးယားနိုင်ငံ Senachey Cooperation Co., Ltd. မှ MS. CHEIN CHWIN က ငွေကျပ်သိန်း(၂၀၀)ခန့်ရှိ ဆန်အိတ်ပေါင်း(၄၀၀)အိတ်တို့အား ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ ဖနောင်ပင်မြို့မှတစ်ဆင့်ပေးပို့လှူဒါန်းခဲ့ခြင်းဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
