နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ လဟယ်၊ လေရှီးနှင့် ထန်ပါခွေမြို့တို့တွင် မိုးရွာသွန်းမှုများရှိသော်လည်း စိုးရိမ်ရသည့် အခြေအနေတွင် မရှိသေးကြောင်း ဒေသခံ သတင်းရင်းမြစ်များထံက သိရသည်။
“မိုးကတော့ရွာနေတယ်လို့တော့ပြောတယ်။ထူးထူးခြားခြားရေကြီးတာ မြေပြိုတာတွေမရှိဘူးတဲ့။ မနေ့ကတော့ သတင်းတွေတက်လာတာတွေ့တယ် မိုးများနိုင်တယ်ပေါ့၊အခုထိ စိုးရိမ်ရတဲ့အခြေအနေမရှိသေးပါဘူး။”ဟု လဟယ်မြို့ ဒေသခံတစ်ဦးနှင့်နီးစပ်သူတစ်ဦးက ပြောသည်။
စက်တင်ဘာ (၃)ရက် နံနက်ပိုင်းအချိန်အထိ လဟယ်မြို့၊ လေရှီးမြို့နှင့် ထန်ပါခွေမြို့တို့တွင် မိုးရွာသွန်းမှု ဆက်လက်ရှိနေသော်လည်း ပုံမှန်ရွာသွန်းမြဲထက် အနည်းငယ်သာပိုကြောင်းသိရသည်။
လဟယ်မြို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လူနေအိမ်များအပေါ် ကျိုးကျနိုင်သည့် သစ်ပင်သစ်ကိုင်းများကို ခုတ်ထွင် ရှင်းလင်းထားရှိကြောင်း သိရသည်။
နာဂဒေသအတွင်း အောက်တိုဘာ (၂)ရက် ညနေပိုင်းမှစတင်၍(၄၈) နာရီအတွင်း မိုးအလွန်များ (HEAVY RAINFALL )ရွာသွန်းနိုင်ကြောင်း နှင့် အဆိုပါဒေသအတွင်း လုပ်ငန်းများ၊ လူနေအိမ်အဆောက်အဦးများ ကယ်ဆယ်ရွှေ့ပြောင်းရန် နာရီ (၄၀)အချိန်ရနိုင်သည်ဟု မိုးလေဝသပညာရှင် ဦးဝင်းနိုင်က အသိပေးပြောကြားထားသည်။

-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
