စိစစ်ရေးအဖွဲ့ထံ တင်ပြထားခြင်းမရှိဘဲ ဆင်ဆာမူနှင့် ငြိစွန်းသည့် ဗီဒီယိုဖိုင် လွှင့်တင်ထားကြောင်း စိစစ်တွေ့ရှိရသည့်အတွက် TRUST Entertainment ၏ လုပ်ငန်းလုပ်ကိုင်ခွင့်မှတ်ပုံတင်လက်မှတ်ကို ယာယီရုပ်သိမ်းထားကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက အသိပေးထုတ်ပြန်သည်။
ထုတ်ပြန်ချက်တွင် ဆက်သွယ်ရေးကွန်ရက်ကို အသုံးပြုကာ ရုပ်ရှင်ကား ထုတ်လွှင့်ပြသခြင်းလုပ်ငန်း လုပ်ကိုင်ခွင့်မှတ်ပုံတင်လက်မှတ် ရယူထားသူများအနေဖြင့် မိမိတို့ ထုတ်လွှင့်မည့် အကြောင်းအရာများကို စိစစ်ရေးအဖွဲ့ထံ ဦးစွာတင်ပြပြီး ခွင့်ပြုချက် ရယူရမည်ဟု ဆိုသည်။
သို့သော် TRUST Entertainment သည် စည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်ထားသည့်အတွက် လုပ်ငန်းလုပ်ကိုင်ခွင့် မှတ်ပုံတင်လက်မှတ်ကို ယာယီရုပ်သိမ်းပြီး တည်ဆဲဥပဒေများနှင့် အညီ အရေးယူနိုင်ရန် စိစစ်နေကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့အပြင် ဆက်သွယ်ရေးကွန်ရက်ကို အသုံးပြုပြီး ရုပ်ရှင်ကားထုတ်လွှင့် ပြသသည့် လုပ်ငန်းလုပ်ကိုင်ခွင့်မှတ်ပုံတင် လက်မှတ်ရယူပြီးသူများအနေဖြင့် မိမိတို့လွှင့်တင်မည့် အကြောင်းအရာများကို စိစစ်ရေးအဖွဲ့ထံ တင်ပြနိုင်ရေးနှင့် လုပ်ငန်းလုပ်ကိုင်ခွင့် မှတ်ပုံတင်လက်မှတ် မရှိသူများအနေဖြင့်လည်း မှတ်ပုံတင်လက်မှတ် လျှောက်ထား ရယူရန် ကြေညာချက်တွင် ဖော်ပြထားသည်။
လုပ်ငန်းလုပ်ကိုင်ခွင့်မှတ်ပုံတင်လက်မှတ်ကို ယာယီရုတ်သိမ်းခံလိုက်ရသည့် TRUST Entertainment သည် မြန်မာနိုင်ငံတွင် ပထမဆုံးသော Boy love flim/ Series များကို သီးသန့်ထုတ်လုပ်သော Production အဖြစ် ရပ်တည်ခဲ့သော လုပ်ငန်းတစ်ခုဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
