ပရီးမီးယားလိဂ်အဖွဲ့ချုပ်သည် စက်တင်ဘာလအကောင်းဆုံးဆုအတွက် ဆန်ခါတင်စာရင်းများကို ကြာသပတေးနေ့တွင် ထုတ်ပြန်ခဲ့သည်။
စက်တင်ဘာလ ပရီးမီးယားလိဂ်အကောင်းဆုံးကစားသမားဆုအတွက် ဆန်ခါတင်စာရင်းတွင် (၈)ဦးပါဝင်ခဲ့ပြီး ဟာဗေးဘန်းစ်(နယူးကာဆယ်)၊ ဒီယက်ဇ် (လီဗာပူးလ်)၊ ဂါဘရီယဲလ်(အာဆင်နယ်)၊ ဂရာဗန်ဘာ့ချ်(လီဗာပူးလ်)၊ ရာအူးလ်ဟီမင်နက်ဇ်(ဖူလ်ဟမ်)၊ မက်နေးလ်(အဲဗာတန်)၊ ပါလ်မာ(ချယ်လ်ဆီး)၊ ဝက်ကင်စ်(အက်စတွန်ဗီလာ) တို့ဖြစ်သည်။
အကောင်းဆုံးနည်းပြဆုအတွက် ဆန်ခါတင်စာရင်းတွင် အာတီတာ(အာဆင်နယ်)၊ အူနိုင်းအမ်မရီ (အက်စတွန်ဗီလာ)၊ မာရက်စကာ (ချယ်လ်ဆီး)၊ မာကိုဆေးလ်ဗား(ဖူလ်ဟမ်)၊ အာနယ်ဆလော့(လီဗာပူးလ်) တို့ ပါဝင်ခဲ့သည်။
အကောင်းဆုံးသွင်းဂိုးဆုအတွက် ဆန်ခါတင်စာရင်းတွင် ဒူရန် (အက်စတွန်ဗီလာ)၊ ဟာဗေးဘန်းစ် (နယူးကာဆယ်)၊ အမ်ဘူမို(ဘရန့်ဖို့ဒ်)၊ ဒါဝင်နူးနက်ဇ်(လီဗာပူးလ်)၊ ကာလာဖီအိုရီ(အာဆင်နယ်)၊ ပါလ်မာ (ချယ်လ်ဆီး)၊ မက်နေးလ်(အဲဗာ တန်)၊ ဂျပ်စတန်(လက်စတာ)တို့၏ သွင်းဂိုးများပါဝင်ခဲ့သည်။
အကောင်းဆုံးကာကွယ်မှုဆုအတွက် ဆန်ခါတင်စာရင်းတွင် မူရစ်(အစ်ဝစ်ချ်)၊ နစ်ပုပ်(နယူးကာဆယ်)၊ ဗီကာရီယို (စပါး)၊ အိုနာနာ(မန်ယူ)၊ ဟာမန်ဆန်(လက်စတာ)၊ မာတီနက်ဇ် (အက်စတွန်ဗီလာ)တို့၏ ကာကွယ်မှုများ ပါဝင်ခဲ့သည်။
ပရိသတ်များအနေဖြင့် အဆိုပါဆုများအတွက် တနင်္လာနေ့အထိ မဲပေးခွင့်ရရှိမည်ဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
