စပါးအသင်းသည် နာမည်ကျော်နည်းပြ မော်ရင်ဟို ကိုင်တွယ်ခဲ့သည့် ၂၀၂၁ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ပြိုင်ပွဲစုံ(၅)ပွဲဆက်တိုက် အနိုင်ရရှိခဲ့ကြောင်း သိရသည်။
စပါးအသင်းသည် ကြာသပတေးနေ့က ယှဉ်ပြိုင်ကစားခဲ့သည့် ယူရိုပါလိဂ်ပွဲစဉ်တွင် ဟန်ဂေရီကလပ် ဖယ်ရန်ဗာရို့စ်အသင်းကို (၂-၁)ဂိုးဖြင့် အနိုင်ရရှိခဲ့သည့်အတွက် အဆိုပါမှတ်တမ်းကို ပိုင်ဆိုင်ခဲ့ခြင်းဖြစ်သည်။
စပါးအသင်းသည် အာဆင်နယ်အသင်းကို အိမ်ကွင်းတွင် ရှုံးနိမ့်ခဲ့ပြီးနောက်ပိုင်း ပြိုင်ပွဲစုံ(၅)ပွဲဆက် အနိုင်ရရှိခဲ့ခြင်းဖြစ်ပြီး လက်ရှိနည်းပြ ပိုစတီကိုဂလူးလက်ထက် အရှည်ကြာဆုံးနိုင်ပွဲဆက်မှုလည်း ဖြစ်ခဲ့သည်။
စပါးအသင်းသည် လိဂ်ဖလားပြိုင်ပွဲ၌ ကိုဗင်ထရီကို (၂-၁)ဂိုး၊ ပရီးမီးယားလိဂ်၌ ဘရန့်ဖို့ဒ်ကို (၃-၁)ဂိုး၊ ယူရိုပါလိဂ်၌ ကာရာဘတ်ကို (၃-၀)ဂိုး၊ ပရီးမီးယားလိဂ်၌ မန်ယူကို (၃-၀)ဂိုး၊ ယူရိုပါလိဂ်၌ ဖယ်ရန်ဗာရို့စ်ကို (၂-၁)ဂိုးဖြင့် (၅)ပွဲဆက်တိုက် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
မော်ရင်ဟိုလက်ထက် ၂၀၂၁ ခုနှစ်တွင် ယူရိုပါလိဂ်နှင့် ပရီးမီးယားလိဂ် ဆက်တိုက်ယှဉ်ပြိုင်ရစဉ် (၅)ပွဲဆက်တိုက် အနိုင်ရရှိခဲ့ခြင်းဖြစ်ပြီး အနိုင်ယူခဲ့သည့်အသင်းများမှာ ဝုလ်ဖ်ဘာဂါ၊ ဘန်လေ၊ ဖူလ်ဟမ်၊ ခရစ္စတယ်ပဲလေ့စ်နှင့် ဒိုင်နမိုဇာဂရက်တို့ဖြစ်သည်။
ယင်းနှစ်တွင် စပါးအသင်းသည် အာဆင်နယ်အသင်းကို လန်ဒန်ဒါဘီ၌ ရှုံးနိမ့်ခဲ့သည့်အတွက် နိုင်ပွဲဆက်မှု ရပ်တန့်ခဲ့ရခြင်းဖြစ်ပြီး လက်ရှိအချိန်တွင်မူ လာမည့်ပရီးမီးယားလိဂ်ပွဲစဉ်၌ ဘရိုက်တန်အသင်းနှင့် ရင်ဆိုင်ရမည်ဖြစ်သည့်အတွက် နိုင်ပွဲဆက်ရန် မျှော်လင့်ချက်ရှိနေကြောင်း သိရသည်။
စပါးအသင်းသည် ယခုရာသီတွင် ပရီးမီးယားလိဂ်ပြိုင်ပွဲ၌ ဥရောပဝင်ခွင့်ရရှိရန် ရုန်းကန်ရဖွယ်ရှိနေသော်လည်း ယူရိုပါလိဂ်ပြိုင်ပွဲတွင်မူ ချန်ပီယံဆုရရှိရန် ရေပန်းအစားဆုံးအသင်းအဖြစ် ရပ်တည်နေပြီး (၂)ပွဲဆက်တိုက် အနိုင်ရရှိထားသည်။
စပါးအသင်းသည် ပရီးမီးယားလိဂ်ခေတ်ကာလအတွင်း ၂၀၀၇-၀၈ ရာသီက လိဂ်ဖလားချန်ပီယံဆုတစ်ခုသာ ရရှိဖူးပြီး ဆုဖလားအောင်မြင်မှုနှင့် ဝေးကွာနေသည့်အသင်းဖြစ်သည်။
ထို့ကြောင့် လက်ရှိနည်းပြ ပိုစတီကိုဂလူးက ဆုဖလားရယူပေးနိုင်ရန် စိတ်အားထက်သန်နေကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
