ဂရင်းဝုဒ်အား ယူရိုသန်း (၆၀) ဖြင့် ခေါ်ယူရန် ဘာစီလိုနာအသင်း စီစဉ်
24htopnews | October 4, 2024 1:12 PM CST
ဘာစီလိုနာအသင်းသည် လာမည့် ၂၀၂၅ နွေရာသီအပြောင်းအရွှေ့ကာလတွင် မာဆေးလ်အသင်းမှ အင်္ဂလန်တိုက်စစ်မှူး ဂရင်းဝုဒ်အား ယူရိုသန်း (၆၀) ဖြင့် ခေါ်ယူရန် စီစဉ်နေကြောင်း သိရသည်။
အသက် (၂၃) နှစ်အရွယ်ရှိ ဂရင်းဝုဒ်သည် ပြီးခဲ့သည့်နွေရာသီကမှ မန်ယူအသင်းမှ မာဆေးလ်အသင်းထံသို့ Add-ons ကြေးများအပါအဝင် ယူ ရို (၃၁.၆) သန်းဖြင့် ပြောင်းရွှေ့ခဲ့သူဖြစ်သည်။
၎င်းသည် ယခုရာသီ မာဆေးလ်အသင်းတွင် ခြေစွမ်းပြနေပြီး လီဂူး-၁ ပွဲစဉ်(၆) ပွဲကစားရာတွင် (၅) ဂိုးအထိ သွင်းယူထားသည်။
ဘာစီလိုနာအသင်းသည် ဂရင်းဝုဒ်အား ခေါ်ယူရန် ယခင်ကတည်းက စိတ်ဝင်စားခဲ့ပြီး လာမည့် ၂၀၂၅ နွေရာသီတွင် အရခေါ်ယူရန် ဆန္ဒပြင်းပြနေကြောင်း သိရှိရသည်။
The Sun သတင်းစာ၏ ဖော်ပြချက်အရ ဘာစီလိုနာအသင်းသည် လာမည့် ၂၀၂၅ နွေရာသီတွင် ဂရင်းဝုဒ်အတွက် မာဆေးလ်အသင်းထံ ယူရိုသန်း (၆၀) ဖြင့် ကမ်းလှမ်းရန် အသင့်ရှိနေကြောင်း သိရှိရသည်။
READ NEXT
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
