ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပျက်စီးခဲ့ရသည့် နမ့်ခုတ်ချောင်းကူး နမ့်ခုတ်ငြိမ်းချမ်းရေး (ဆိုက်ခေါင်) သံကူကွန်ကရစ် တံတားအား အောက်တိုဘာလ ဒုတိယပတ်အတွင်း ပြီးစီအောင်တည်ဆောက်သွားမည်ဖြစ်ကြောင်း တံတားဦးစီးဌာနမှ သိရသည်။
မိုင်းဆတ်မြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နမ့်ခုတ်ချောင်းရေမြင့်တက်လာပြီး တာချီလိတ် – မိုင်းတွမ်း – မိုင်းဆတ်မြို့သွား ပြည်ထောင်စုလမ်းမပေါ်ရှိ မိုင်းဆတ်မြို့အဝင် နမ့်ခုတ်ချောင်းကူး နမ့်ခုတ်ငြိမ်းချမ်းရေး (ဆိုက်ခေါင်) သံကူကွန်ကရစ် တံတားမှာ ပေ(၁၃၀) ခန့် ရေစီးဖြင့် မျောပါပျက်စီးခဲ့ရကြောင်း သိရသည်။
ထိုသို့ ပျက်စီးသွားခဲ့သည့် တံတားအပေါ်တွင် ပေ (၁၅၀) အရှည်ရှိ နှစ်လွှာတစ်ထပ်ဘေလီတံတားအား တံတားဦးစီးဌာန၊ တံတားအထူးအဖွဲ (၁၂) က တာဝန်ယူတည်ဆောက်လျက်ရှိပြီး ဒေသခံများ အဆင်ပြေ လွယ်ကူစွာ သွားလာနိုင်ရေး အောက်တိုဘာလ ဒုတိယပတ်ကုန်အပြီးတွင် အမြန်ဆုံးပြီးစီးနိုင်ရေး နေ့/ည မပြတ် တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ တံတားပြင်ဆင်နေမှုများကို အောက်တိုဘာ (၂) ရက် နံနက်ပိုင်းက တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးလှိုင်နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုပြီး တာဝန်ရှိသူများ၏ တင်ပြချက်များပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။

-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
