မြန်မာနိုင်ငံမှ ပြည်ပတွင် သွားရောက်အလုပ်လုပ်မည့်သူများသည် ပြည်ပအလုပ်အကိုင် နိုင်ငံကူးလက်မှတ် (Passport for Job -PJ)ဖြင့်သာ ထွက်ခွါရန် အလုပ်သမားရေးဝန်ကြီးဌာနက ယမန်နေ့ အောက်တိုဘာ ၃ ရက် တွင် ထပ်မံထုတ်ပြန်သည်။
ပြည်ပကို အလုပ်လုပ်မည့် သူများအနေဖြင့် အလည်အပတ်နိုင်ငံကူးလက်မှတ်( Passport for Visit-PV) ဖြင့် ပြည်ပအလုပ်အကိုင် ဗီဇာများယူကာ ပြည်ပနိုင်ငံများကို ထွက်ခွါနေကြရာ လေဆိပ်တွင် စစ်ဆေးသည့်အချိန်၌ သတ်မှတ်ချက်နှင့်မညီ၍ ထွက်ခွါခွင့်နှင့် အခြားဆုံးရှုံးနစ်နာမှုများ ရှိလာသည်ဟု ထုတ်ပြန်ချက်အရ သိရသည်။
ထို့ကြောင့် ပြည်ပတွင် အလုပ်လုပ်ကိုင်လိုသူများအနေဖြင့် PJ နိုင်ငံကူးလက်မှတ်အမျိုးအစား လျှောက်ထားရန်နှင့် ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ် (OWIC) လျှောက်ထားရယူရန်တို့ကို ထုတ်ပြန်ချက်၌ တိုက်တွန်းထားသည်။
လက်တွေ့တွင်လည်း ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပြည်ပသို့ PV နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ကာ အလုပ်ဖြင့် ထွက်ခွါမည့်သူများအပေါ် ထွက်ခွါခွင့်မပြုဘဲ ပြန်လွှတ်သည့် ဖြစ်စဉ်များလည်း ရှိနေသည်။
“ဒူဘိုင်းလို နေရာကို PV နဲ့သွားမယ်ဆို သေချာတယ်၊ ပြန်လွှတ်ခံရလိမ့်မယ်နော် ၊PV နဲ့သွားပြီး အလုပ်လုပ်မယ်လို့ သေချာသလောက်ရှိတဲ့လူတွေကို ပြန်လွှတ်တာများတယ်။” ဟု ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီ တစ်ခုကပြောသည်။
ထို့အပြင် သတ်မှတ်ချက်များအရ အသက် ၁၈ နှစ်မှ၂၁ နှစ်အထိ လူငယ်များနှင့် အသက် ၃၂ နှစ်အထက်အမျိုးသားများကိုသာ ပြည်ပတွင် အလုပ်လုပ်ရန် ပို့ဆောင်ခွင့်ရကြောင်းလည်း ၎င်းက ပြောသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
