Top News

■ ဝက်စ်ဟမ်းနှင့် ကူဒူစ် ပေါင်(၈၅)သန်းတန် လျော်ကြေးစာချုပ် ချုပ်ဆိုထား     
24htopnews | October 4, 2024 4:12 PM CST

ဝက်စ်ဟမ်းအသင်းသည် ဂါနာတိုက်စစ်ကစားသမား ကူဒူစ်နှင့် ပေါင်(၈၅)သန်းတန် လျော်ကြေးစာချုပ် ချုပ်ဆိုထားကြောင်း The Athletic သတင်းစာက ဖော်ပြခဲ့သည်။ 

ဝက်စ်ဟမ်းအသင်းသည် ကူဒူစ်(၂၄ နှစ်)ကို ၂၀၂၃ နွေရာသီတွင် အေဂျက်စ်အသင်းထံမှ ပေါင်သန်း(၄၀)ဝန်းကျင်ဖြင့် ခေါ်ယူခဲ့ခြင်းဖြစ်သည်။ 

၎င်းကို ခေါ်ယူစဉ်က (၅)နှစ်စာချုပ် ချုပ်ဆိုခဲ့ပြီး ယင်းကတည်းက လျော်ကြေးစာချုပ်ကို ထည့်သွင်းချုပ်ဆိုခဲ့ကြောင်း သိရသည်။ 

အဆိုပါလျော်ကြေးစာချုပ်မှာ လာမည့်နွေရာသီတွင် စတင်အသက်ဝင်မည်ဖြစ်ပြီး ၎င်းကို ခေါ်ယူလိုသည့်အသင်းများအနေဖြင့် ပေါင်(၈၅)သန်းပေးချေ၍ ခေါ်ယူနိုင်မည်ဟု သိရသည်။

ကူဒူစ်သည် ဝက်စ်ဟမ်းအသင်းတွင် ခြေစွမ်းပြနေပြီး အသင်းအတွက် ပြိုင်ပွဲစုံ (၅၃) ပွဲတွင် (၁၄) ဂိုး သွင်းယူထားသည်။ 


READ NEXT
Cancel OK