စီးရီးအေထိပ်သီးကလပ်အသင်းများဖြစ်သည့် အင်တာမီလန်နှင့် ဂျူဗင်တပ်စ်အသင်းတို့သည် အာဆင်နယ်ကွင်းလယ်ခံစစ်ကစားသမား သောမတ်စ်ပါတေးကို ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း သိရသည်။
ဂါနာလက်ရွေးစင်ကွင်းလယ်ကစားသမား သောမတ်စ်ပါတေးသည် လာမည့်နွေရာသီတွင် အာဆင်နယ်အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်သောကြောင့် လာမည့် ၂၀၂၅ နွေရာသီတွင် ပြောင်းရွှေ့ကြေးအလွတ်ဖြင့် အသင်းပြောင်းရွှေ့နိုင်မည်ဖြစ်သည်။
ထို့ကြောင့် အင်တာမီလန်နှင့် ဂျူဗင်တပ်စ်အသင်းတို့သည် လာမည့်နွေရာသီတွင် ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ခေါ်ယူနိုင်မည့် အသက် (၃၁) နှစ်အရွယ် ပါတေးအား ခေါ်ယူရန် အပြိုင်စိတ်ဝင်စားနေကြခြင်းဖြစ်ကြောင်း သိရသည်။
အာဆင်နယ်အသင်းသည် ကြံ့ခိုင်မှုကျဆင်းလာပြီဖြစ်သည့် ပါတေးကို သက်တမ်းတိုးဖွယ်မရှိတော့ဘဲ လာမည့်နွေတွင် ပြောင်းရွှေ့ကြေးအလွတ်ဖြင့် လက်လွှတ်ဖွယ်ရှိနေကြောင်းလည်း သိရှိရသည်။
ပါတေးအား ခေါ်ယူရန် အင်တာမီလန်နှင့် ဂျူဗင်တပ်စ်အသင်းတို့အပြင် ဆော်ဒီကလပ်များကလည်း စိတ်ဝင်စားနေကြကြောင်း သိရှိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
