Top News

■ အင်္ဂလန်လက်ရွေးစင်နည်းပြအဖြစ် ဆောင်ရွက်လိုသည်ဟု လမ်းပတ် ဝန်ခံ     
24htopnews | October 4, 2024 4:12 PM CST

ချယ်လ်ဆီးအသင်း၏ နည်းပြဟောင်း လမ်းပတ်က အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြအဖြစ် ဆောင်ရွက်လိုသည်ဟု ဝန်ခံခဲ့သည်။ 

အင်္ဂလန်လက်ရွေးစင်အသင်းသည် လက်ရှိအချိန်တွင် လီကာစလေကို ယာယီနည်းပြအဖြစ် ခန့်အပ်ထားပြီး ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်မီ နည်းပြသစ်ခန့်အပ်ရန် စီစဉ်နေသည်။ 

အင်္ဂလန်အသင်း၏ နည်းပြသစ်လျာထားစာရင်းတွင် ပါဝင်နေသူတစ်ဦးဖြစ်သည့် လမ်းပတ်က အင်္ဂလန်နည်းပြရာထူးကို ငြင်းပယ်မည်ဆိုပါက ရူးသွပ်ရာကျလိမ့်မည်ဟု ပြောကြားကာ လက်ရွေးစင်နည်းပြဖြစ်လိုကြောင်း ဝန်ခံခဲ့ခြင်းဖြစ်သည်။

အသက် (၄၆) နှစ်အရွယ်ရှိ လမ်းပတ်သည် ကစားသမားဘဝတွင် ချယ်လ်ဆီးအသင်းနှင့်အတူ အောင်မြင်မှုများစွာ ရရှိခဲ့သော်လည်း နည်းပြဘဝတွင် ရုန်းကန်နေရသူဖြစ်သည်။ 

လမ်းပတ်သည် နည်းပြဘဝကို ၂၀၁၈ ခုနှစ်တွင် ဒါဘီအသင်းကို ကိုင်တွယ်ကာ စတင်ခဲ့ပြီး ယင်းနောက် ချယ်လ်ဆီးနှင့် အဲဗာတန်အသင်းများကို ကိုင်တွယ်ခဲ့သည်။ 

သို့သော် လမ်းပတ်သည် ချယ်လ်ဆီးနှင့် အဲဗာတန်အသင်းတို့ကို ကိုင်တွယ်စဉ်က ရလဒ်များဆိုးရွားသဖြင့် ရာထူးမှထုတ်ပယ်ခံခဲ့ရပြီး ချယ်လ်ဆီးအသင်းကို ဒုတိယအကြိမ် ယာယီကိုင်တွယ်ခွင့်ရရာတွင်လည်း ရလဒ်ကောင်းများ ရရှိအောင် စွမ်းဆောင်နိုင်ခြင်း မရှိခဲ့ပေ။


READ NEXT
Cancel OK