ဘာစီလိုနာအသင်းသည် အသင်းကစားသမားဟောင်းဖြစ်သည့် ဘရာဇီးလ်တိုက်စစ်ကစားသမား နေမာကို ပြန်လည်ခေါ်ယူရန် စီစဉ်နေကြောင်း သိရသည်။
အသက် (၃၂)နှစ်အရွယ်ရှိ နေမာသည် လက်ရှိအချိန်၌ ဆော်ဒီကလပ် အယ်လ်ဟီလာအသင်းတွင် ကစားနေပြီး လက်ရှိတွင် ဒဏ်ရာပြဿနာကြောင့် အနားယူနေရသည်။
၎င်းအနေဖြင့် လာမည့် ၂၀၂၅ နွေရာသီတွင် အယ်လ်ဟီလာအသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်သည့်အတွက် ဘာစီလိုနာအသင်းက ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ရရှိနိုင်မည့် ၎င်းကို ပြန်လည်ခေါ်ယူရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။
နေမာသည် ဘာစီလိုနာအသင်းတွင် ၂၀၁၃ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ (၄) နှစ်ကြာ ကစားခဲ့ပြီး ၂၀၁၇ နွေရာသီအပြောင်းအရွှေ့ကာလတွင် အသင်း၏ဆန္ဒကို ဆန့်ကျင်ကာ PSG အသင်းထံသို့ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် (၁၉၈) သန်းဖြင့် ပြောင်းရွှေ့ခဲ့သူဖြစ်သည်။
နေမာသည် ဘာစီလိုနာအသင်းတွင် ကစားစဉ်က အထူးခြေစွမ်းပြနိုင်ခဲ့ပြီး အသင်းနှင့်အတူ ချန်ပီယံလိဂ်အပါအဝင် ဆုဖလား (၉) လုံးအထိ ရယူနိုင်ခဲ့သလို၊ ပြိုင်ပွဲစုံ (၁၇၃) ပွဲတွင် (၁၁၈) ဂိုးအထိ သွင်းယူနိုင်ခဲ့သည်။
နေမာသည် PSG အသင်းတွင် ကစားနေစဉ်ကလည်း ဘာစီလိုနာအသင်းထံသို့ ပြန်လည်ပြောင်းရွှေ့မည်ဟု သတင်းထွက်ခဲ့ဖူးသူဖြစ်ပြီး ယခုအခါ ဘာစီလိုနာဥက္ကဋ္ဌ လာပေါ်တာသည် ၎င်းကို ပြန်လည်ခေါ်ယူရန် ဆန္ဒရှိနေကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
