ရီးယဲလ်အသင်းသည် လီဗာပူးလ်အသင်းမှ အင်္ဂလန်နောက်ခံလူ အာနိုးလ်ကို ခေါ်ယူရန် စတင်ဆက်သွယ်မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
အာနိုးလ်သည် လာမည့်နွေရာသီတွင် လီဗာပူးလ်အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ခေါ်ယူ နိုင်မည်ဖြစ်သောကြောင့် ရီးယဲလ်အသင်းက ၎င်းကို ပစ်မှတ်ထားနေခြင်းဖြစ်ကြောင်း သိရသည်။
နည်းပြအပြောင်းအလဲကြောင့် လီဗာပူးလ်အသင်းနှင့် လမ်းခွဲဖွယ်ရှိသည်ဟု သတင်းထွက်နေသည့် အာနိုးလ်ကို ရီးယဲလ်အသင်းက ယခုရက်ပိုင်းအတွင်း စတင်ဆက်သွယ်ချဉ်းကပ်ခဲ့ကြောင်း သိရသည်။
အသက် (၂၅) နှစ်အရွယ်ရှိ အာနိုးလ်သည် လီဗာပူးလ်အကယ်ဒမီထွက် ကစားသမားဖြစ်ပြီး (၈) ရာသီကျော်ကာလအတွင်း ပြိုင်ပွဲစုံ (၃၁၈) ပွဲတွင် (၁၉) ဂိုး သွင်းယူထားသည်။
လီဗာပူးလ်အသင်းအနေဖြင့် ၎င်းတို့၏ငယ်မွေးခြံပေါက်ကစားသမားဖြစ်သူ အာနိုးလ်ကို စာချုပ်သစ်ချုပ်ဆိုရန် ကြိုးပမ်းနေကြောင်းလည်း သိရှိရသည်။
ထို့ပြင် အာနိုးလ်ကိုယ်တိုင်ကလည်း လီဗာပူးလ်အသင်းတွင် အသင်းခေါင်းဆောင်ဖြစ်လိုသည်ဟု ဝန်ခံထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
