အာဆင်နယ်အသင်း၏ ဂန္ထဝင်ကစားသမား အွန်နရီက နည်းပြ အူနိုင်းအမ်မရီကို အာဆင်နယ်အသင်း အချိန်ပေးခဲ့သင့်သည်ဟု သုံးသပ်ပြောကြားခဲ့သည်။
အူနိုင်းအမ်မရီသည် အာဆင်နယ်အသင်းတွင် အောင်မြင်မှုရယူနိုင်ခြင်းမရှိခဲ့သော်လည်း အခြားအသင်းများ၌ ဆုဖလားအောင်ပွဲများ ရယူနိုင်ခဲ့ပြီး လက်ရှိအချိန်တွင်လည်း အက်စတွန်ဗီလာအသင်းကို အကောင်းဆုံး ဦးဆောင်လျက်ရှိသည်။
ထို့ကြောင့် အွန်နရီက "ဒါက လက်ရှိအချိန်မှာ အာဆင်နယ်အသင်းကို အကောင်းဆုံးလုပ်ဆောင်ပြနေတဲ့ အာတီတာကို လေးစားမှုမထားတဲ့သဘောမဟုတ်ပါဘူး။ အူ နိုင်းအမ်မရီကို အချိန်ပေးခဲ့ရင် အောင်မြင်မှုရယူပေးနိုင်မယ်လို့ ထင်ပါတယ်"ဟု ဆိုခဲ့သည်။
အသက် (၅၂)နှစ်အရွယ်ရှိ စပိန်လူမျိုးနည်းပြ အူနိုင်းအမ်မရီသည် အာဆင်နယ်အသင်းကို ၂၀၁၈ ခုနှစ်၊ မေလမှ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလအထိ ကိုင်တွယ်ခဲ့ပြီး ရလဒ်များ ဆိုးရွားခြင်းကြောင့် ရာထူးမှထုတ်ပယ်ခံခဲ့ရသည်။
သို့သော် အူနိုင်းအမ်မရီသည် ၎င်း၏ အာဆင်နယ်နည်းပြဘဝ ပထမဆုံးရာသီဖြစ်သည့် ၂၀၁၈-၁၉ ရာသီတွင် အသင်းကို ယူရိုပါလိဂ်ဗိုလ်လုပွဲအထိ ပို့ဆောင်ပေးနိုင်ခဲ့သော်လည်း ဗိုလ်လုပွဲတွင် ချယ်လ်ဆီးအသင်းကို ရှုံးနိမ့်ခဲ့သည်။
အာဆင်နယ်အသင်းသည် လက်ရှိနည်းပြ အာတီတာကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာတွင် ခန့်အပ်ခဲ့ပြီး ၎င်းလက်ထက်တွင် FA ဖလားတစ်လုံးသာ ရရှိထားသေးသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
