Top News

■ မန်ယူတောင်ပံကစားသမား ဂါနာချိုကို ထိပ်သီးကလပ်များ စောင့်ကြည့်နေ
24htopnews | October 4, 2024 4:12 PM CST

မန်ယူအသင်းမှ အာဂျင်တီးနားတောင်ပံကစားသမား ဂါနာချိုကို ဥရောပ ထိပ်သီးကလပ်အသင်းများက စောင့်ကြည့်နေကြောင်း သိရသည်။ 

အသက် (၂၀) အရွယ်ရှိ ဂါနာချှိုသည် မန်ယူအကယ်ဒမီထွက် လူငယ်ကစားသမားတစ်ဦးဖြစ်ပြီး အသင်းနှင့် ၂၀၂၈ ခုနှစ်အထိ စာချုပ်သက်တမ်း ရှိနေသူဖြစ်သည်။ 

ဂါနာချိုသည် ပြီးခဲ့သည့်နှစ်များအတွင်း မန်ယူအသင်းနှင့်အတူ ထင်ပေါ်လာသူဖြစ်ပြီး ဥရောပဘောလုံးလောကတွင် ထွန်းတောက်လာသူဖြစ်သည်။ 

သို့သော် ဂါနာချိုသည် ယခုရာသီ မန်ယူအသင်းတွင် ပုံမှန်ပွဲထွက်ခွင့်ရရန် ရုန်းကန်နေရသည့်အတွက် ပြိုင်ဘက်အသင်းများက စောင့်ကြည့်နေကြခြင်းဖြစ်ပြီး ဘာစီလိုနာနှင့် ဂျူဗင်တပ်စ်တို့က ၎င်းကို ကမ်းလှမ်းရန် စီစဉ်နေကြောင်း သိရသည်။ 

ထို့ပြင် မန်ယူအသင်းအနေဖြင့် ရလဒ်များ ဆိုးရွားနေပြီး ရုန်းကန်နေရခြင်းကြောင့် ဂါနာချို၏ အနာဂတ်မှာလည်း မရေမရာဖြစ်နေကြောင်း သိရသည်။

ဂါနာချိုသည် ယခုရာသီတွင် မန်ယူအသင်းအတွက် ပြိုင်ပွဲစုံ (၁၀) ပွဲတွင် (၄) ဂိုး သွင်းယူထားသည်။ 


READ NEXT
Cancel OK