ပြင်သစ်လက်ရွေးစင်အသင်းနည်းပြ ဒေးရွှမ့်သည် အောက်တိုဘာလ နိုင်ငံတကာပွဲစဉ်များအတွက် ပြင်သစ်အသင်း လူစာရင်းကို ရွေးချယ်ခဲ့ရာ ပေါင်ဒဏ်ရာရရှိနေသည့် ရီးယဲလ်တိုက်စစ်မှူး ဘာပေကို ချန်လှပ်ခဲ့ကြောင်း သိရသည်။
ဘာပေသည် အလာဗတ်စ်နှင့် ယှဉ်ပြိုင်ခဲ့သည့် လာလီဂါပွဲစဉ်တွင် အဆိုပါဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်ပြီး မက်ဒရစ်ဒါဘီပွဲကို လွဲချော်ခဲ့ရသည်။
၎င်းအနေဖြင့် လိုင်လီနှင့် ယှဉ်ပြိုင်ခဲ့သည့် ချန်ပီယံလိဂ်ပွဲတွင် လူစားဝင်ကစားခဲ့သော်လည်း ဒေးရွှမ့်က လက်ရွေးစင်အသင်းအတွက် ရွေးချယ်ခြင်းမပြုရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဒေးရွှမ့်က မိမိအနေဖြင့် စွန့်စားလိုခြင်း မရှိသောကြောင့် ဘာပေကို မရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
အသက် (၂၅) နှစ်အရွယ်ရှိ ဘာပေသည် ရီးယဲလ်အသင်းအတွက် ယခုရာသီ ပြိုင်ပွဲစုံ (၁၀) ပွဲတွင် (၇) ဂိုး သွင်းယူထားသော်လည်း ထင်မှတ်ထားသလောက် ခြေစွမ်းမပြနိုင်ဟု ဝေဖန်မှုများနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
