အက်စတွန်ဗီလာ - မန်ယူပွဲကို ဆာဂျင်ရက်ကလစ်ဖ် လာရောက်ကြည့်ရှုမည်
24htopnews | October 4, 2024 4:12 PM CST
မန်ယူအသင်း၏ ရှယ်ယာရှင်ဖြစ်သူ ဗြိတိန်လုပ်ငန်းရှင် ဆာဂျင်ရက်ကလစ်ဖ်သည် ယခုတစ်ပတ် ယှဉ်ပြိုင်ကစားမည့် မန်ယူအသင်း၏ ပရီးမီးယားလိဂ်အဝေးကွင်းပွဲစဉ်ကို လာရောက်ကြည့်ရှုမည်ဖြစ်ကြောင်း သိရသည်။
မန်ယူအသင်းသည် ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲ၌ ရလဒ်ဆိုးများနှင့် ရင်ဆိုင်နေရပြီး (၆)ပွဲကစားအပြီးတွင် (၇)မှတ်သာရရှိထားသည်။
ယူရိုပါလိဂ်တွင်လည်း နှစ်ပွဲဆက် သရေကျခဲ့ပြီး ပေါ်တိုနှင့်ပွဲတွင် ဦးဆောင်ဂိုးနှစ်ဂိုး သွင်းခဲ့ပြီးမှ အနိုင်ရလဒ်ကို မထိန်းနိုင်ခဲ့ဘဲ နောက်မှပြန်လိုက်ကစားခဲ့ရသည်။
ထို့ကြောင့် လက်ရှိနည်းပြ တန်ဟက်ဂ်အနေဖြင့် အက်စတွန်ဗီလာနှင့်ပွဲတွင် ရလဒ်ကောင်း ရယူနိုင်ခြင်းမရှိခဲ့ပါက ရာထူးမှ ထုတ်ပယ်ခံရဖွယ်ရှိကြောင်းလည်း ထင်ကြေးပေးခံနေရသည်။
ယင်းအခြေအနေတွင် ဆာဂျင်ရက်ကလစ်ဖ်က အဆိုပါပွဲကို လာရောက်ကြည့်ရှုရန် စီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။
READ NEXT
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
