မက်ဒရစ်ဒါဘီပွဲစဉ်တွင် ပရိသတ်များက ကွင်းအတွင်းသို့ အရာဝတ္ထုများဖြင့် ပစ်ပေါက်ခဲ့သောကြောင့် စပိန်ဘောလုံးအဖွဲ့ချုပ်(RFEF) ၏ ပြိုင်ပွဲကျင်းပရေးကော်မတီက အက်သလက်တီကိုအသင်းအား ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း သိရသည်။
စက်တင်ဘာ ၂၉ ရက်က Metropolitano Stadium ၌ ယှဉ်ပြိုင်ကစားသည့်ပွဲတွင် အိမ်ရှင် အက်သလက်တီကိုအသင်းပရိသတ်များ၏ လုပ်ရပ်ကြောင့် ပွဲကို မိနစ် (၂၀) ခန့် ရပ်နားခဲ့ရသည်။
(၆၄) မိနစ်တွင် ရီးယဲလ်အသင်းအတွက် ဦးဆောင်ဂိုးကို နောက်ခံလူ မီလီတို သွင်းယူစဉ် ဂိုးသမား ကော်တိုအာက အောင်ပွဲခံခဲ့သည်။
ကော်တိုအာမှာ အက်သလက်တီကိုကစားသမားဟောင်းဖြစ်သောကြောင့် ဂိုးအနောက်ဘက်ရှိ ပရိသတ်များက မီးခြစ်များ၊ ပလတ်စတစ်ဘူးများအပါအဝင် အရာဝတ္ထုများဖြင့် ကွင်းအတွင်းသို့ ပစ်ပေါက်ခဲ့ကြသည်။
ကွင်းအတွင်းရှိ စပီကာများဖြင့် သတိပေးမှုလုပ်ခဲ့သော်လည်း ရပ်တန့်သွားခြင်းမရှိသောကြောင့် (၆၈) မိနစ်တွင် ပွဲအား ခေတ္တရပ်နားခဲ့ရခြင်းဖြစ်သည်။
သို့ဖြစ်ရာ RFEF ၏ ပြိုင်ပွဲကျင်းပရေးကော်မတီက အက်သလက်တီကိုအသင်းအား ပွဲကြည့်စင်တောင်ဘက်ရှိ အောက်ဘက်ပိုင်း ပွဲကြည့်စင်အား သုံးပွဲကွင်းပိတ်နှင့် ဒဏ်ကြေး ယူရို (၄၅၀၀၀) ချမှတ်ခဲ့ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
