ကိုရီးယားသို့ အလုပ်သွားရောက်လုပ် ကိုင်ရန် ကုန်ထုတ်လုပ်ငန်းအတွက် ပထမအ သုတ်စာမေးပွဲကို အောက်တိုဘာ ၁၅ ရက် တွင် ပြုလုပ်မည်ဖြစ်ကြောင်း အစိုးရ ပြည်ပ အလုပ် အကိုင် အေဂျင်စီက ကြေညာသည်။
၂၀၂၄ ခုနှစ် ကုန်ထုတ်လုပ်ငန်း ပထမအသုတ်အတွက် စာမေးပွဲကို အောက်တိုဘာ ၁၅ ရက်တွင် ပြုလုပ်ပြီး စာမေးပွဲတွင်ရရှိသည့် အမှတ်အနည်းအများပေါ်တန်းစီပြီး အောင်မြင်သူများက နိုဝင်ဘာ ပထမပတ် ရက်သတ္တပတ်တွင် Skill Test ဖြေဆိုရမည်ဖြစ်ကြောင်း၊ အပြီးသတ်အောင်စာရင်းတွင်ပါဝင်သူများအနေဖြင့် ကျန်းမာရေးစစ်ဆေးမှု ခံယူပြီး အလုပ်လျှောက်လွှာ တင်သွင်းရမည်ဖြစ် ကြောင်း ကြေညာထားသည်။
အလားတူ ကိုရီးယားဘာသာအရည်အချင်းစစ်ဆေးခြင်းကုန်ထုတ်လုပ်ငန်း ဒုတိယ အသုတ်စာမေးပွဲကို ၂၀၂၅ ခုနှစ် နှစ်ဆန်းပိုင်းတွင် ဖြေဆိုရမည်ဖြစ်ကြောင်း၊ အချိန်အတိ အကျကိုမူ HRD Korea က ပေးပို့လာပါက ထပ်မံကြေညာမည်ဖြစ်ကြောင်း အစိုးရပြည်ပ အလုပ်အကိုင် အေဂျင်စီက ဆိုသည်။
၂၀၂၂-၂၀၂၃ ခုနှစ် ကိုရီးယားဘာသာ အရည်အချင်းစစ် စာမေးပွဲကုန်ထုတ်လုပ်ငန်း ဒုတိယအသုတ်အတွက် စာမေးပွဲအောင်မြင် သူများအနက် အလုပ်လျှောက်လွှာသက်တမ်း တိုးရန် ကျန်ရှိသူများမှာ အောက်တိုဘာ ၁၁ ရက်မှ ၁၅ ရက်အတွင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အလားတူ ၂၀၂၃ ခုနှစ် ကိုရီးယား ဘာသာအရည်အချင်းစစ် အထူးသီးသန့်စာ မေးပွဲအောင်မြင်ပြီးသူများအား အလုပ် လျှောက်လွှာ သက်တမ်းတိုး ခေါ်ယူခြင်းကို ၂၀၂၄ ခုနှစ် အောက်တိုဘ
လကုန်ပိုင်းတွင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ယင်းအချက် အလက်များမှာ လုပ်သားများကြိုတင်ပြင်ဆင် နိုင်ရန် ခန့်မှန်းနေ့ရက်ကို အသိပေးခြင်းဖြစ် ကြောင်း၊ အသေးစိတ်အစီအစဉ်များကို ဆက် လက်ကြေညာမည်ဖြစ်ကြောင်း အစိုးရပြည်ပ အလုပ်အကိုင်အေဂျင်စီက ထုတ်ပြန်သည်။
ကိုရီးယားဘာသာ အရည်အချင်းစစ် အထူးသီးသန့်စာမေးပွဲ ဝင်ရောက်ဖြေဆိုခွင့် ရရှိသူ ခြောက်ထောင်ကျော်ရှိနေကြောင်း အစိုးရ ပြည်ပအလုပ်အကိုင်အေဂျင်စီ (POEA) ၏ ထုတ်ပြန်ချက်အရ သိရသည်။
ကိုရီးယားဘာသာ အရည်အချင်းစစ် အထူးသီးသန့်စာမေးပွဲ (Special EPS) မှာ တောင်ကိုရီးယားနိုင်ငံမှ ပြန်လည်ရောက်ရှိ လာပြီး ထပ်မံသွားရောက်လုပ်ကိုင်မည့်သူ များ ဖြေဆိုရမည့် စာမေးပွဲလည်းဖြစ်သည်။
အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ ၏ ထုတ်ပြန်ချက်အရ အဆိုပါစာ မေးပွဲ ဝင်ရောက်ဖြေဆိုခွင့်ရရှိသူဦးရေမှာ ၆၀၁၁ ဦးဖြစ်ပြီး စာမေးပွဲလျှောက်လွှာကို စက်တင်ဘာ ၉ ရက်နှင့် ၁၀ ရက်တွင် အွန် လိုင်းမှတစ်ဆင့် လက်ခံပေးမည်ဖြစ်ကြောင်း၊ စာမေးပွဲကို အောက်တိုဘာ ၁ ရက်မှ ၄ ရက် အထိ ကျင်းပမည်ဖြစ်ပြီး စာမေးပွဲအောင်စာ ရင်းကို အောက်တိုဘာ ၈ ရက်တွင် ထုတ်ပြန် သွားမည်ဖြစ်ကြောင်း သိရသည်။
၂၀၁၀ ခုနှစ် ဇန်နဝါရီ ၁ ရက်နောက်ပိုင်း မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသူများ ဝင်ရောက်ဖြေဆိုနိုင်ပြီး ကိုရီးယားနိုင်ငံတွင် သုံးနှစ်အထိ ကောင်းမွန်စွာ လုပ်ကိုင်သူဖြစ် ရမည်ဖြစ်ကြောင်း၊ စာမေးပွဲအောင်မြင်မှသာ အလုပ်လျှောက်လွှာတင်ခြင်းများကို ဆောင် ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။
စာမေးပွဲဖြေဆိုချိန်တွင် မမှန်မကန်ဖြေ ဆိုခြင်းများကို ခွင့်ပြုမည်မဟုတ်ကြောင်း၊ စာမေးပွဲအတွင်း မမှန်မကန်ဖြေဆိုသည်ကို တွေ့ရှိရပါက ဖြေဆိုခွင့် လေးနှစ် ပိတ်ပင်ခံရ မည်ဖြစ်ကြောင်း POEA က ထုတ်ပြန်ထား သည်။
ယင်းစာမေးပွဲကို အောင်မြင်ပြီးပါက အလုပ်လျှောက်လွှာစာရင်းတွင်သာ ပါဝင် မည်ဖြစ်ပြီး အလုပ်သွားရောက်လုပ်ကိုင်ခွင့် ကျိန်းသေရရှိမည်ဟု အာမခံနိုင်ခြင်းမရှိ ကြောင်း၊ ကျန်းမာရေးစစ်ဆေးမှု မအောင် မြင်ခြင်း၊ တရားမဝင် နေထိုင်ခဲ့သည့် မှတ် တမ်းရှိခြင်း၊ အလုပ်လုပ်ကိုင်ခွင့် ပိတ်ပင်ခံရ သူများမှာ အလုပ်လျှောက်ထားသူအဖြစ် ရွေးချယ်ခံရမည်မဟုတ်ကြောင်း သိရသည်။
လက်ရှိတွင် တောင်ကိုရီးယားနိုင်ငံသို့ အလုပ်သွားရောက်လုပ်ကိုင်သူ ခုနစ်သောင်း ကျော်ရှိနေပြီး လစဉ် ရာနှင့်ချီ သွားရောက် လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
