အစ္စရေး၏ စီးပွားရေးအချက်အချာမြို့ဖြစ်သည့် တယ်အဲဗစ်မြို့တွင် အောက်တိုဘာ ၁ ရက်က ပစ်ခတ်မှုနှင့် ဓားဖြင့်တိုက်ခိုက်မှုအတွင်း လူခုနစ်ဦးသေဆုံးခဲ့ကာ ယင်းတိုက်ခိုက်မှုကို ၎င်းတို့လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ဟားမာ့စ်အဖွဲ့၏လက်နက်ကိုင်တပ်ဖွဲ့က အတည်ပြုထုတ်ပြန်ခဲ့သည်။
အီရန်သည် အစ္စရေးကို ဒုံးကျည်အစင်းပေါင်း ၂၀၀ ခန့်ဖြင့် ပစ်ခတ်မှုကြောင့်လူပေါင်း သိန်းချီသည် ယာယီစခန်းများတွင် ခိုလှုံနေထိုင်ခဲ့ရပြီးနောက် တယ်အဲဗစ်မြို့တွင်ဖြစ်ပွားသောတိုက်ခိုက်မှုသည်အစ္စရေးတွင် အောက်တိုဘာ ၇ ရက် နောက်ပိုင်း လူသေဆုံးမှုအများဆုံးတိုက်ခိုက်မှုဖြစ်စဉ်များတွင် အပါအဝင် ဖြစ်လာခဲ့သည်။
“ အက်ဇီဒင်းအယ်ကက်ဆမ်တပ်ဖွဲ့က ဟီဘရွန်မြို့က(သိမ်းပိုက်ခံထားရသော အ နောက်ဘက်ကမ်းဒေသ)တိုက်ခိုက်ရေးသမားတွေရဲ့ ရဲစွမ်းသတ္တိနဲ့ပြည့်စုံတဲ့ဂျက်ဖာစစ်ဆင်ရေးအတွက် တာဝန်ရှိပါတယ်”ဟု ထိုအဖွဲ့က အောက်တိုဘာ ၁ ရက်တွင် ဂျက်ဖာမြို့ရှိ တယ်အဲဗစ်ရထားဘူတာရုံအနီးဖြစ်ပွားသည့် တိုက်ခိုက်မှုကို ရည်ညွှန်းခဲ့သည်။
“ဒီတိုက်ခိုက်မှုဟာ အီရန်ကအစ္စရေးမှာ လုပ်ဆောင်ခဲ့တဲ့နာကျင်ဖွယ်လေကြောင်း တိုက်ခိုက်မှုတွေနဲ့ တိုက်ဆိုင်နေပါတယ်”ဟု ၎င်းက အောက်တိုဘာ ၁ ရက်ညနေခင်းအချိန်တွင် လုပ်ဆောင်ခဲ့သည့် အီရန်၏တိုက် ခိုက်မှုကိုရည်ညွှန်း၍ ပြောကြားခဲ့သည်။
အက်ဇီဒင်းအယ်ကက်ဆမ်တပ်ဖွဲ့က တိုက်ခိုက်ရေးသမားများသည် မိုဟာမက်မစ်နှင့် အာမက်အယ်ဟိုင်မိုနီတို့ဖြစ်ကြောင်း အမည်ထုတ်ပြန်ခဲ့သည်။
အောက်တိုဘာ ၇ ရက်က အစ္စရေးကို ဟားမာ့စ်၏တိုက်ခိုက်မှုကြောင့် အရပ်သားအများစုအပါအဝင် လူ ၁,၂၀၅ ဦးသေဆုံးခဲ့ကာ ဓားစာခံအများအပြား ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရကြောင်း အစ္စရေးအစိုးရက ထုတ်ပြန်ထားသည်။
ဟားမာ့စ်တို့ ဖမ်းဆီးထားသောဓားစာခံ ၂၅၁ ဦးတွင် ၉၇ ဦးသည် ဂါဇာတွင်ဆက် လက်ဖမ်းဆီးခံထားရဆဲဖြစ်ကာ ၎င်းတို့ထဲမှ ၃၃ ဦးသည် သေဆုံးခဲ့ကြောင်း အစ္စရေးစစ်တပ်က ထုတ်ပြန်ထားသည်။
ဂါဇာတွင် အစ္စရေး၏ လက်တုံ့ပြန်တိုက်ခိုက်မှုကြောင့် အရပ်သားအများစုအပါအဝင် လူ ၄၁,၆၈၉ ဦး ကျော်သေဆုံးခဲ့သည်ဟုဟား မာ့စ်တို့ အုပ်ချုပ်သည့် ဂါဇာ၏ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ ကုလသမဂ္ဂက ယင်းသေဆုံးသူအရေအတွက်သည် အစစ်အမှန်ဖြစ်ကြောင်း လက်ခံထားသည်။
အောက်တိုဘာ ၂ ရက်အစောပိုင်းက အစ္စရေးရဲတပ်ဖွဲ့၏ ပြောကြားချက်အရ ဂျက်ဖာတိုက်ခိုကမှုတွင် လူခုနစ်ဦးသေဆုံးခဲ့သည်ဟုဆိုသည်။ အောက်တိုဘာ ၁ ရက်ကနောက်ထပ်လူ ၁၇ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။
သံသယရှိသော တိုက်ခိုက်ရေးသမားများသည် ဘူတာရုံတွင် မီးရထားရပ်တန့်ချိန်တွင် ရထားတွဲအတွင်းသို့ ဝင်ရောက်ခဲ့ပြီးနောက် ခရီးသည်များကို စတင်ပစ်ခတ်ခဲ့ကြောင်းရဲတပ်ဖွဲ့က ဆိုသည်။၎င်းတို့သည် ချေမှုန်းရေးရိုင်ဖယ်တစ်လက်နှင့် ဓားတစ်ချောင်းတို့ကို ကိုင်ဆောင်လာကာ ရဲတပ်ဖွဲ့က ၎င်းတို့ကိုပစ်ခတ်ခဲ့သည်ဟု ဆိုသည်။
တိုက်ခိုက်ရေးသမားများမှ တစ်ဦးသေနတ်ဖြင့်ပစ်သတ်ခံခဲ့ရပြီး နောက်တစ်ဦးမှာ ဒဏ်ရာပြင်းပြင်းထန်ထန် ရရှိခဲ့သည်ဟုရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။
အစ္စရေးလုံခြုံရေးအေဂျင်စီနှင် ့စစ်တပ်က ဟီဘရွန်းနှင့်ဂျေရုဆလင်မ်တို့တွင် သံသယရှိသူများကို ကူညီခဲ့သည်ဟု ယူဆသူများကို ဖမ်းဆီးခဲ့သည်။
တိုက်ခိုက်မှုတွင် သေဆုံးသူများထဲမှသုံးဦးသည် အစ္စရေးနိုင်ငံသားများဖြစ်ကာ တစ်ဦးမှာ ဂျော်ဂျီယာနိုင်ငံသားဖြစ်ပြီး အခြားသူများမှာ ဂရိနှင့် မော်ဒိုဗန်နိုင်ငံသားများဖြစ် သည်ဟုအစိုးရကဆိုသည်။ကျန်တစ်ဦးမှာ မည်သည့်နိုင်ငံသားဖြစ်ကြောင်းမသိရသေးပေ။ Ref: AFP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
