အီရန်က ၎င်း၏ခါးသီးသောပြိုင်ဘက် အစ္စရေးကို ဒုံးကျည်များဖြင့် တရစပ်ပစ်ခတ်ခဲ့ပြီးနောက် အီရန်နှင့်အစ္စရေးတို့ ချောက်ကမ်းပါးစွန်းမှ နောက်ပြန်ဆုတ်ကြရန် ကမ္ဘာ့အင်အားကြီးနိုင်ငံများက တောင်းဆိုခဲ့သည်။
အောက်တိုဘာ ၁ ရက်တွင် အစ္စရေးကို တိုက်ခိုက်မှုသည် အီရန်ကျောထောက်နောက်ခံပေးထားသော စစ်သွေးကြွခေါင်းဆောင်များ သေဆုံးမှုအားတုံ့ပြန်မှုဖြစ်သည်ဟု အီရန်က ပြောကြားခဲ့သည်။
“အခြေအနေဟာ စိုးရိမ်စရာအကောင်း ဆုံးအနေအထားနဲ့ ဖြတ်ပေါ်နေပါတယ်”ဟု ကရင်မလင်ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စကော့က အောက်တိုဘာ ၂ ရက်တွင် ပြောကြားခဲ့သည်။ နှစ်ဖက်စလုံးသည်းခံကြရန် မိမိတို့တောင်းဆိုကြောင်း ၎င်းက ပြောကြားခဲ့သည်။
တရုတ်ကလည်းအရှေ့အလယ်ပိုင်းအခြေအနေပို၍ယိုယွင်းလာခြင်းကို တားဆီးပေးရန် အောက်တိုဘာ ၂ ရက်တွင် ကမ္ဘာ့အင်အားကြီနိုင်ငံများကို တောင်းဆိုခဲ့သည်။
အရှေ့အလယ်ပိုင်း၌ နောက်ဆုံးဖြစ်ပွားနေသော ပဋိပက္ခအရှိန် မြင့်တက်လာခြင်းကို တားဆီးပေးရန် တရုတ်က အထက်ပါအတိုင်း တောင်းဆိုလိုက်ခြင်းဖြစ်သည်။
“နောက်ထပ်ယိုယွင်းလာတဲ့အခြေ အနေကို တားဆီးပေးဖို့နဲ့အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကနေပါဝင်ပေးဖို့ တရုတ်ဘက်က နိုင်ငံတကာအသိုင်းအဝိုင်း အထူးသဖြင့် သြဇာကြီးမားတဲ့ အင်အားကြီး နိုင်ငံတွေကို တောင်းဆိုပါတယ်”ဟု တရုတ်နိုင်ငံ ခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူက ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
အစ္စရေးက ၎င်း၏နယ်မြေကို ဒုံးကျည်များတရစပ်ပစ်ခတ်သည့်အတွက် အီရန်ပေးဆပ်ရမည်ဟု ပြောကြားခဲ့ပြီး ပစ်မှတ်ထားတိုက်ခိုက်ခံရမည်ဆိုပါက ပိုမိုကြီးမားသောတိုက်ခိုက်မှုကို လုပ်ဆောင်ရလိမ့်မည်ဟု အောက်တိုဘာ ၂ ရက်တွင် သတိပေးခဲ့သည်။
“တရုတ်နိုင်ငံအနေနဲ့ အရှေ့အလယ် ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ ဝရုန်းသုန်းကားအခြေအနေကို အလွန်အမင်းစိုးရိမ်နေပါတယ်”ဟု တရုတ်၏အွန်လိုင်းထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။
အီရန်သည် အောက်တိုဘာ ၁ ရက်တွင် အစ္စရေးကို သမိုင်း၌ ဒုတိယအကြိမ်တိုက်ရိုက်တိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့သည်။ ဟိုက်ပါဆောနစ်လက်နက်များ အပါအဝင်ဒုံးကျည် ၂၀၀ ဖြင့်တိုက်ခိုက်ခဲ့သောကြောင့် အစ္စရေးအရပ်သားများသည် လုံခြုံသည့်နေရာများတွင် ခိုလှုံခဲ့ရသည်။
အစ္စရေးက အောက်တိုဘာ ၂ ရက် စောစောပိုင်းတွင် ဘေရွတ်တောင်ပိုင်းကို ပြင်းပြင်းထန်ထန် တိုက်ခိုက်ခြင်းဖြင့် အီရန်မဟာမိတ် ဟစ်ဇဘိုလာ၏လက်ဘနွန်အမာခံနယ်မြေများကို ဗုံးကြဲခဲ့သည်။
အစ္စရေးသည် ဂါဇာစစ်ပွဲမှ လက်ဘနွန်သို့ အာရုံပြောင်းခဲ့သည်။ အောက်တိုဘာ ၇ ရက်တွင် ဟားမာ့စ်က အစ္စရေးကို ဝင်ရောက်တိုက်ခိုက်ခဲ့သောကြောင့် ဂါဇာစစ်ပွဲဖြစ်ပွားခဲ့သည်။ ဂါဇာစစ်ပွဲဖြစ်ပွားကတည်းက အစ္စ ရေးသည်လက်နွန်နှင့်ထိစပ်နေသော အစ္စရေးမြောက်ပိုင်းနယ်စပ်တွင် ဟစ်ဇဘိုလာနှင့်နေ့စဉ် ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့သည်။
လက်ဘနွန်၏အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲမှုတို့ကို ချိုးဖောက်သောလုပ်ရပ်မှန်သမျှကို ဆန့်ကျင်သည်ဟု တရုတ်က ပြောကြားခဲ့ပြီး ပဋိပက္ခများအရှိန်မြင့် တက်လာခြင်းကို ဆန့်ကျင်သည်ဟု ပြောကြားခဲ့သည်။
“ဂါဇာမှာ အပစ်အခတ်ရပ်စဲရေး အောင်မြင်မှုရအောင်မလုပ်နိုင်တာဟာ အရှေ့အလယ်ပိုင်းမှာ လတ်တလောဖြစ်ပွားနေတဲ့ ဝရုန်းသုန်းကားအခြေအနေတွေရဲ့အရင်းခံအကြောင်းဖြစ်ပါတယ်”ဟု အောက်တိုဘာ ၂ ရက် ထုတ်ပြန်ချက်တွင် တရုတ်ကဖော်ပြထားသည်။
“သက်ဆိုင်သူအားလုံးဟာ ဂါဇာမှာ အမြဲတမ်း အပစ်အခတ်ရပ်စဲရေးနဲ့ အပြည့်အဝ အပစ်အခတ်ရပ်စဲရေးတို့အတွက် တတ်နိုင်သမျှ မြန်မြန် ဆောင်ရွက်သင့်ပါတယ်”ဟု တရုတ်၏ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။
Ref: AFP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
