အနောက်တောင် မုတ်သုံလေ ဆုတ်ခွာချိန် အောက်တိုဘာ (၉) ရက်မှ အောက်တိုဘာ(၁၅)ရက် ဝန်းကျင်အတွင်း စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင်သာ မိုးများနိုင်ကြောင်း ပြင်ပမိုးလေဝသပညာရှင် ဦးဝင်းနိုင်က အောက်တိုဘာလ ဒုတိယအပတ်ခန့်မှန်းမှုကို လူမှုကွန်ရက်မှတစ်ဆင့်မျှဝေ ရေးသားထားသည်။
အောက်တိုဘာ (၁၂) ရက် နံနက်ပိုင်း၊ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်း၌ လက်ယာရစ်လေဝဲစီးကြောင်း (Anti – Cyclonic Circulation) ဖြစ်လာနိုင်သည်ကို ကြည့်ခြင်းဖြင့် အနောက်တောင်မုတ်သုံလေ တစ်နိုင်ငံလုံးမှ ဆုတ်ခွာတော့မည့် လက္ခဏာပြလာခြင်းဖြစ်ကြောင်း ၎င်းက သုံးသပ်ထားသည်။
ထို့ကြောင့် အဆိုပါဒေသ ၂ ခုတွင် (၂၄) နာရီအတွင်း (၃၀) မီလီမီတာနီးပါး မိုးရွာသွန်းနိုင်ကြောင်း ဆိုသည်။
၂၀၂၄ ခုနှစ် အောက်တိုဘာ (၈)ရက်မှ စတင်ပြီး ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းနှင့် အိန္ဒိယနိုင်ငံ အနောက်ဘက်-အာရေဗျပင်လယ်ဘက်တွင် လေဖိအားနည်းရပ်ဝန်းဖြစ်နိုင်ခြေများ စတင်ဖြစ်ပေါ်လာကြောင်းနှင့် ကြိုတင်ခန့်မှန်းချက်များအရ အောက်တိုဘာ (၁၀) ရက်တွင် အာရေဗျ ပင်လယ်ဘက်မှ လေဖိအားနည်းရပ်ဝန်း ပိုမိုအားကောင်းလာပြီး မုန်တိုင်းငယ်အဆင့်သို့ ရောက်လာနိုင်သော်လည်းဘင်္ဂလားပင်လယ်အော်တွင် အားကောင်းလာနိုင်ခြေ မရှိကြောင်းလည်း ၎င်းက ရေးသားထားသည်။




-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
